(37)
'' သေစမ်း မင်း ဒီနေ့ ဘယ်လိုအရသာ ရှိတဲ့ မုန့်မျိုး လုပ်အုံးမှာလဲ? ''
လော်ရှောင်းက လီမင်းယင်ရဲ့ ဆိုင်လေးကို လာပြီးတော့ သန်မန်ကာ လျံကာ မေးလိုက်တယ်။
လီမင်းယင်က ပြုံးကာ ပြောလိုက်တယ်။
'' ငါ ဒီနေ့ ပဲနီကိတ်မွလေး လုပ်ထားတယ်။ ဒီအပိုင်းလေး မြည်းကြည့်လိုက် ။ ''
လော်ရှောင်းက ပေးတဲ့ အမြည်းကို ယူကာ ပါးစပ်ထဲကို ပစ်ထည့်လိုက်ပြီးတော့ ပြောတယ်။
'' ဟုတ်ပြီ။ ဒါလေးကို ၂ ပေါင်ထည့်ပေး။ ပြီးတော့ ဒါလေး ၊ ဒါလေး ၊ ဒါလေးရော ၂ ပေါင်စီပေး ''
လော်ရှောင်းက တစ်ခု ချင်းစီကို လက်ညိုးထိုးပြ လိုက်တယ်။
လီမင်းယင် ကလည်း လော်ရှောင်း လိုအပ်တာ ကို ထည့်ပေးခဲ့လေတယ်။
ဒါပြီးတဲ့နောက် ဒင်းဆမ်း စားချင်လို့ လာဝယ်တဲ့ လူ ငါးယောက် ခြောက်ယောက် လောက်က ဆိုင်လေးဆီကို လာခဲ့လေတယ်။ ဆိုင်လေးမှာ ရောင်းပြီးသွားလို့ အများကြီး မကျန်တော့တာ ကိုတွေ့တော့ သူတို့လိုချင်တဲ့ အရသာကို မရမှာ စိုးတဲ့ အတွက် သူတို့က အမြန်ပြေးလာရင်း လီမင်းယင်ကို လိုချင်သမျှ မုန့်တွေ ပြပြီး အကုန်လုံး လုပြီး ထုတ်ပိုး ခိုင်း ကြတော့တယ်။
လီမင်းယင်က အလျင်လိုနေတာကို တွေ့တော့ လန့်သွားတဲ့ လော်ရှောင်းက ပြန်ဖို့ကို လောမနေပဲနဲ့ လီမင်းယင် ဘေးနားဝင်ကာ ကူပြီးထုတ်ပိုး ပေးခဲ့တယ်လေ။
'' ကျေးဇူးအရမ်း တင်ပါတယ်! ''
ဧည့်သည်တွေလည်း ပြန်သွားရော လီမင်းယင်က လော်ရှောင်းကို ကျေးဇူးတင်လိုက်တယ်။
'' ခများ ကတော့ တကယ့်လူပဲ။ ဒေါသ ထွက်တာ မကောင်းဘူး ဆိုတဲ့ ဒေါသမရှိတာက ကောင်းတဲ့ အရာမှ မဟုတ်တာ။ နောက်တစ်ခါ မင်းကို ဧည့်သည်တွေက အဲ့လို အတင်းလုပြီး ထုပ်ပိုးခိုင်းရင် သူတို့ကို တန်းစီခိုင်းလိုက်! ''
'' ဟားဟား ။ ဘာပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ''
'' ရတယ် ။ ငါသွားတော့မယ် ''
YOU ARE READING
မုဆိုးရဲ့ ဇနီးသည် [BL](complete)
Fantasyကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်းကို ၃၀၀၀ ကျော်လေး တင်ဆိုတော့ ဟဲဟဲ let's go! (ကိုဗညားအသံဖြင့်ဖတ်ပါ) Etran ကနေလည်း ခွင့်ပြုချက်ရပြီးပ...