အပိုင်း (40.1)

6.3K 658 1
                                    

(40.1) သတင်းစာ ထုတ်ဝေခြင်း

ပြင်ဆင်မှုတွေ အကုန္လုံး ပြီးခါနီးတဲ့ အချိန်မှာတော့ ဦးလေးဝမ် ခေါ်လာပေးခဲ့တဲ့ ထို' သတင်း ပို့သူ 'ဆယ်ယောက်ကို လိုအပ်တာတွေ လာပေးဖို့ ပြောလိုက်တော့လေတယ်။

သူတို့ စုဆောင်းထားတဲ့ အချက်အလက်တွေကို လော်ရှောင်းသေချာ ခန့်အပ်ထားတဲ့ လူရဲ့ လက်ထဲကို လာအပ်ကြရတယ်။ လော်ရှောင်းကတော့ စစ်ဆေးကာ သူတို့အတွက် လစဉ်ပေးငွေတွေနဲ့ ဆုတွေ ပေးခဲ့လေတယ်။

သူတို့က တစ္လလုံး အတွက် လစာ ၅၀၀ ဝမ္ကို ရလေတယ်။ သူတို့ပေးတဲ့ သတင်းသာ သတင်းစာပေါ်မှာ ဖော် ပြခံရရင် ၁၀ဝမ် ထပ်ပေးတယ်။ ပြီးတော့ လာအပ်တဲ့ အချက်အလက်တွေ ထဲမွာမွ ဖော်ပြဖို့ အကောင်းဆုံး ဖြစ်ပြီး လူကြိုက်များမယ့် သတင်းတွေ ဖြစ်ကာ သတင်းစာထဲမှာ အမ်ားဆုံး ဖော်ပြခံ ရတဲ့ အချက်အလက်ယူသူက ပထမဆုကို ရမွာပဲ ဖြစ်လေတယ်။ ပထမ ဆုအတွက် ငွေ ၅ တုံး ၊ ဒုတိယ ဆုအတွက် ငွေ ၃ တုံးနဲ့ တတိယ ဆုအတွက် ငွေ တစ်တုံးတို့ပေးမှာ ပဲ ဖြစ်လေတယ်။

ပြီးတော့ ထိုဆုတွေကိုလည်း သုံးလအကြာ မွာ ထပ်ရွေးမှာပဲ ဖြစ်လေတယ်။

ဆုကြေး ကေတာ့ အရမ်းကို ဆွဲဆောင်မှု ရှိလေတယ်။ တတိယ နဲ့ ဒုတိယ ဆုတွေက သုံးလစာ ဒါမှမဟုတ် ၄ လစာနဲ့ ညီပေမယ့် ပထမဆု ကေတာ့ ၁၀လစာ လုပ်အားခနဲ့ ညီနေတယ်လေ။ ဒါကြောင့် လူတိုင်းက အလုပ်ကြိုးစား ကြပြီးတော့ ဆုတန်းဝင်အောင် လုပ်ကြရလေတယ်။

ထိုလူ ၁၀ ယောက်ထဲ မှာမှ လီလီ လို့ခေါ်တဲ့ အလုပ်ကြမ်း သမားတစ်ယောက် ပါလေတယ်။ သူ့ကို ဦးလေးဝမ်က ဘာလို့ရွေးချယ် ခဲ့လဲ ဆိုတော့ ထိုလူက ဖြောင့်မတ်မှု ရှိတယ်၊ရိုးသားတာ တွေကြောင့် သူ့ကို ကြိုးစားကြည့်ဖို့ အခွင့်အရေး တစ်ခု ပေးခဲ့တာ ပဲ ဖြစ်လေတယ်။

အဲ့နေ့ သူအလုပ်ပြီးလို့ အလုပ်ရှင် အိမ်ကနေ လီလီ ပြန်လာတုံးမှာပဲ အစောလေးတင်ကမှ ရခဲ့တဲ့ လုပ်အားခ ငွေတွေကို သူခိုးက ခိုးသွားတာ ခံလိုက်ရလေတယ်။ ထို အမျိုးသားဟာ မျက်မှောင်ကြုတ်ထားပြီး မျက်ဝန်းထဲမှာ ကူကယ်ရာ မဲ့မှုတွေ ထင်ဟပ်နေတာကို တွေ့ခဲ့ရတယ်လေ။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now