အပိုင်း ( 9)

13.8K 1.5K 20
                                    

(9) ဥပဒေ အရ သီးခြား ချုပ်နှောင်ခြင်း

အဆုံးမဲ့တဲ့ အမှောင်ထု ကြီးမှာ ကျန်းဂျင်တစ်ယောက် သူ့ကို တစ်ယောက်ယောက်က ဆွဲငင်နေတယ်လို့ ခံစားမိလေတယ်။ ပြီးတော့ လှုပ်ဖို့တောင် မတက်နိုင်တော့ပဲ တစ်ကိုယ်လုံး စေးကပ်နေကာ လုံးဝကို သက်တောင့် သက်သာ မရှိခဲ့တော့ပါပေ။

'' ကျန်းဂျင်ရယ် ငါတောင်းပန် ပါတယ်''

''ယွမ်ဟောင် မင်းလားဟင်?''

ကျန်းဂျင်က သူ့ရဲ့ခေါင်းကို တစ်ဖက်သို့ လှည့်ကာ အသံလာရာ ဆီကို ကြည့်လိုက်ပေမယ့် ဘာမှကို သူမတွေ့ ခဲ့ရပေ။

'' ငါ ဒီလို လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ​မင်းလည်း ငါ့ကို ထားသွားဖို့ မလုပ်ခဲ့သင့်ဘူး ပြီးတော့ မလုပ်ခဲ့သင့်ဘူး ''

'' ယွမ်ဟောင်! ''

ကျန်းဂျင်က သူ့ကို ဆွဲငင်ထားတဲ့ အရာထဲကနေ ပြီးတော့ အတင်းရုန်းကန် ထွက်ဖို့ ကြိုးစားနေခဲ့တယ်။ သူက ယွမ်ဟောင်ကို မမြင်ရပေမယ့် အခုအချိန်မှာ ယွမ်ဟောင် တစ်ယောက် ဆိုးဝါးတဲ့ အခြေအနေ ရောက်နေမှန်းတော့ ကျန်းဂျင် သိလေတယ်။

'' ငါပြောတာ ကို နားထောင် ပါအုံး!  ငါ မင်းကို ထားသွားဖို့ မရည်ရွယ်ပါဘူး! ယွမ်ဟောင်!  မင်း ဘယ်မှာလဲ!  မသွားပါနဲ့!  ယွမ်ဟောင်! ''

ကျန်းဂျင် တစ်ယောက် အိမ်မက် ဆိုးကြီးကနေ ချွေးအေးတွေ ထွက်ကာ နိုးထ လာပြီးတော့ သူ့ရဲ့ ရင်ဘတ်က အထက်နဲ့ အောက်သို့ အသက်ရှုနှုန်းတွေ ပြင်းထန်နေခဲ့လေတယ်။

'' အာ... မင်း နိုးလာပြီပဲ? ''

''မေမေ ကျန်းလား? ''

ကျန်းဂျင်က သူဟာ အိပ်ယာပေါ်မှာ လှဲနေမှန်း သဘောပေါက် သွားတော့တယ်။ မေမေ ကျန်းက အိပ်ယာရဲ့ ဘေးမှာ ထိုင်နေပြီးတော့ သူ့ရဲ့ မျက်လုံးတွေက နီရဲနေတာကြောင့် သူငိုထားတယ် ဆိုတာက သိသာနေလေတယ်။

ကျန်းဂျင်က သူ့ရဲ့ ကိုက်ခဲနေတဲ့ ခေါင်းကို ဖိကာ ထ ထိုင်လိုက်တယ်။

'' ခများက ဘာမှားနေလို့လဲ? ယွမ်ဟောင်ရော ဘယ်မှာလဲ ''

မေမေကျန်းရဲ့ မျက်လုံးထောင့်က မျက်ရည်တွေက စီးကျလာ ပြီးတော့ သူက ခေါင်းကိုသာ ခါပြလေတယ်။

မုဆိုးရဲ့ ဇနီးသည် [BL](complete) Where stories live. Discover now