(43) အပြစ်ပေးမှုယွမ်အန်း က အော်ငိုကာ ပြောလိုက်တယ်။
''ဦးလေး ငါမှားတယ် ဆိုတာ ငါသိပါတယ်! ငါမှားသွားပါတယ်! ဦးလေးရေ ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါအုံး ! ဒီရူးနေတဲ့ ခွေးက ငါ့ကို အဆုံးမရှိ ကိုက်နေတော့တာပဲ!ငါ့အပြစ်ကို ငါခံယူမှာမို့ ဦးလေးရေ ပြောပေးပါအုံး! ''
တ့ဟေးက ယွမ်ဟောင် အချက်ပြတော့ လွတ်ပေးလိုက်ကာ သတိပေးတဲ့ အနေနဲ့ မာန်ဖီ သံပေးနေလေတယ်။ ယွမ်အန်းကတော့ သူ့ရဲ့ မူရင်းနေရာကို လွတ်ထွက်သွားကာ တစ်ကိုယ်လုံး တုန်ရီနေခဲ့လေတယ်။
ယွမ်အန်းရဲ့ ကိုယ်ပေါ်က အဝတ်အစားတွေက ကိုက်ခံထားရလို့ ဆုတ်ပြဲနေကာ သွေးတွေလည်း တစ်စက်စက် စိမ့်ကြနေခဲ့တယ်။ ကြည့်တာနဲ့တင် အတော်လေးကို နာကျင်မယ်မှန်း သိနေလေတယ်။ ဒါ့အပြင် တ့ဟေး က အရမ်းကို စူးရဲ ပြင်းထန်နေတာကြောင့် လူက်ို ကိုက်သတ်ဖို့ဆို တာက ဖြစ်နိုင်တာကြောင့် လူတိုင်းက အနားကို မကပ်ရဲကြပေ။
နှလုံးသား ပျော့တဲ့ လူတစ်ယောက်ဆို မတက်နိုင်တော့ပဲ ယွမ်ဟောင်ကို ဖျောင့်ဖျ ကြည့် လေတယ်။
'' ယွမ်ဟောင် မင်းရဲ့ ခွေးကို ပြန်ခေါ်လိုက်ပါတော့ကွာ။ ယွမ်အန်းက ဒါနဲ့ ထိုက်တန်လို့ ဖြစ်တယ်ဆိုရင်တောင်မှပဲ သူ့အနေနဲ့ လုံလောက်အောင် ခံစားရပြီးပါပြီကွာ။ ယွမ်အန်းကိုသာ အရင်လွတ်ပေး လိုက်ပါကွာ''
ယွမ်ဟောင်က မျက်ခုံးကို ပင့်ကာ ပြောလိုက်တယ်။
'' ငါလည်း သူ့ကို လွှတ် ပေးချင်ပါတယ်။ ဒါပေမယ့် ငါ့ရဲ့ ဆုံးရှုံး မှုတွေကို ငါမမေ့သေးဘူး။ ဒါကြောင့် သူပြန် အစားထိုး လျော်ပေးရမယ်''
'' အဲ့လို က ဖြစ်သင့်ပါတယ် !''
'' မင်းပြောတာ က မှန်ပါတယ်။ သူပြန်အလျော် ပေးသင့်တာပေါ့! ''
လူတိုင်းက ယွမ်ဟောင် က သက်ပြင်းလိုက်တာ ကိုတွေ့မှ သူတို့ခမျာ ပိုသက်သာ ရာ ရသွားသလို ခံစားလိုက်ရပြီးတော့ ဘေးက ကျန်တဲ့ လူတွေကလည်း ခေါင်းတွေကို မြန်မြန် ငြိမ့်ပြလိုက်ကြတယ်။
'' ယွမ်အန်း မင်းရဲ့ စိတ်ရင်းကိုလည်း ပြသလိုက်အုံးဟ! ''
ယွမ်အန်းက ထိုနေရာမှာ ဘာစကားတစ်ခွန်းမှ မပြောပဲ ရပ်နေတာကို တွေ့တော့ ရွာသားတွေက အမြန်တိုက်တွန်း ကြလေတယ်။
BINABASA MO ANG
မုဆိုးရဲ့ ဇနီးသည် [BL](complete)
Fantasyကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်းကို ၃၀၀၀ ကျော်လေး တင်ဆိုတော့ ဟဲဟဲ let's go! (ကိုဗညားအသံဖြင့်ဖတ်ပါ) Etran ကနေလည်း ခွင့်ပြုချက်ရပြီးပ...