(18နှစ်အောက်ဖတ်ရန်မသင့်တော်သောစာသားပါပါဝင်ပါသဖြင့် အမှားများပါခဲ့လျှင် အရည်အချင်းလိုအပ်သေးသည်သာဖြစ်သောကြောင့် ကြိုတင်တောင်းပန်အပ်ပါသည်။)
ပျော်ရွှင်ဖို့ဆိုတာ ကျုပ်အတွက်တော့ စိတ်ရဲ့အလိုအတိုင်းပဲ မိန်းကလေးထက်ယောက်ျားလေးနဲ့အတူနေရတာကိုပိုသဘောကျတယ် တစ်ညတာ ပျော်ရွှင်မှု့ပေါ့ ဘယ်သူထင်မှာလဲ ညတစ်ညက ကျွန်တော့်ကို နက်နက်ရှိုင်းရှိုင်း ပျော်ဝင်သွားစေမယ်လို့
ကောင်းသန့်စင်(ခေါ်) JAY
အခန်း(၇)
**********ဆောင်းရဲ့နှုတ်ဆက်ပွဲလို လေပြေအဝေ့မှာ ကြွေကျနေတဲ့ရွက်ဝါလေးတွေကြားငေးပြီးခနတော့သူမှင်သက်သွားမိပါသည်။ ထိုစဥ်လွယ်ထားတဲ့အိတ်ထဲက ဖုန်းသံက သူရဲ့ လက်တွေ့ဘဝထဲကိုပြန်လည်ခေါ်ဆောင်လာပါသည်။
"ဟဲလို ကိုနွေဦးမောင်လားရှင့်"
"ဟုတ်ကဲ့ ကျွန်တော်ပါခင်ဗျ"
"ဟုတ်ကဲ့ အကို ကျွန်မ ဆေးရုံက ဆက်နေတာပါ ဒီလအတွက် ဆေးဖိုးသွင်းဖို့ရက်ချိန်းလေးလှမ်းပြောပေးတာ နောက်နှစ်ရက်နေရင်ပြည့်ပါပြီ"
"ဟုတ်ကဲ့ ခင်ဗျ ကျွန်တော် အချိန်မှီသွင်းပေးပါ့မယ်"
ဆေးရုံက ဖုန်းချသွားတော့နွေဦး သက်ပြင်းချမိသွားသည်။ ဒီလ သူပိုက်ဆံမပြည့်သေးပေ ။အိမ်လခပေးရတာနဲ့ စာမေးပွဲရှိလို့ အချိန်ပိုင်းအလုပ်တစ်ချို့နားတာကြောင့်ပင်။ ကင်ဆာရောဂါသယ်မေမေ့အတွက် အားကိုးရာသူပဲရှိလေသည်။ နောက်ဆုံးအဆင့်ရောက်နေပေမဲ့ နေနိုင်တဲ့သက်တမ်းလေးကိုတော့ ရနိုင်သမျှသူဆွဲဆန့်ထားချင်သည်။ ဒါကြောင့်သူအလုပ်ကိုကြိုးစားလုပ်သည်။ နေ့ရောညပါ ရတဲ့အချိန်ပိုင်းမှန်သမျှအကုန်သူလုပ်သည်။ရှာနေရင်းခြွေတာရင်းနဲ့ကိုရှာသမျှသူမလောက်ပေ။ လက်ကနာရီကိုကြည့်လိုက်တော့ ကလပ်မှာအချိန်ပိုင်းအလုပ်ဝင်ရတော့မည် ။ သူဌေးဆီအကူညီတောင်းကြည့်ဖို့သူဆုံးဖြတ်လိုက်ပါသည်။
"ကိုနိုင်ဇော် ဆက်သွယ်လို့ရလား"
"မရသေးဘူး ကိုအောင်မိုး"
YOU ARE READING
ရာဇဝင်တွင်မဲ့ အနမ်း
Romanceဤစာထဲမှာပါသောအကြောင်းအရာများသည် မိမိ၏ စိတ်ကူးအတွေးအမြင်များသာဖြစ်ပါသည်။ တူညီခဲ့သောအကြောင်းအရာများအမည်များ စာသားများပါခဲ့လျှင် တိုက်ဆိုင်မှု့သက်သက်သာဖြစ်ကြောင်းအနူးအညွန့်တောင်းပန်အပ်ပါသည်။ ပထမဦးဆုံးစရေးတဲ့သူအို့အမှားများလိုအပ်ချက်များပါရှိခဲ့ပါလျှင်...