ရာဇဝင်တွင်မဲ့အနမ်း part 13

437 5 2
                                    

အခန်း(၁၃)

မနက်က ရေကူးကန်ထဲမှာ အချိန်ကြာပြီး ချာတိတ်ရောသူရော ဖျားနေပါတော့သည်။ ရာစုနဲ့ ရတုက maskတပ်ထားရင်းလှေကားနားမှာရပ်နေကြသည်။ ပွဲတွေလက်ခံထားတာမို့ သူတို့နှစ်ယောက်ဆီ အဖျားကူးလို့မဖြစ်ပေ။ ကိုပိုင်ကတော့ ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေပါသည်။ ဧည့်ခန်းမှာ နှစ်ယောက်သားဘေးချင်းကပ်ထိုင်ရင်း ပြိုင်တူ နှာချေ နေရသည်။

"ဟက်ချိုး "

"ဟက်ချိုး "

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရယ်မိကျပြန်ပါသည်။

"ဦးသစ်နော် ဘာလို့ရယ်နေတာလဲ"

"မင်းကရော "

"အခုချိန်ဦးသစ်မျက်နှာက ရယ်စရာကောင်းနေတာကိုး"

"မင်းလဲ တူတူပဲ နှုတ်ခမ်းတွေရော နှစ်ခေါင်းတွေရော နီရဲနေတာပဲ"

"ဟီးးး"

"တီ တီ"

အန်းတီမေ ဆရာဝန်ခေါ်ပြီး ရောက်လာပါပြီ

"ချာတိတ်ဟိုဘက်တိုး"

ဦးသစ်က သူ့ပေါင်ပေါ်လှဲချကာ မျက်လုံးမှိတ်ထားလေသည်။

"ဟန်ဆောင်မနေနဲ့ ကျုပ်မြင်တယ်နော်"

"နားတော့ပူတော့မယ်ကွာ"ဦးသစ်က လှဲရာမှထရင်း လေသံတိုးတိုးနှင့်ပြောလေသည်။

"ကဲ ဘယ်သူ့အခန်းထဲသွားမလဲ ဒေါက်တာနှစ်ယောက်လုံးတစ်ခါထဲကြည့်လို့ရအောင်"

"ဦးသစ်အခန်းပဲ သွားမယ်လေ နေရာပိုကျယ်တော့"

"အဲ့ဒါဆိုနှစ်ယောက်လုံး ကြွ ရှေ့ကနေ"

ဦးသစ်အခန်းထဲရောက်တော့ ကုတင်ပေါ်နှစ်ယောက်လုံး အတူလှဲက ဒေါက်တာက စမ်းသပ်ပါသည်။

"ကြီးကြီး မားမားတော့သိပ်မရှိပါဘူး  အဆုတ်အအေးပတ်တာလောက်ပါပဲ ဆေးထိုး​ပြီးတော့ သောက်ဆေးပေးခဲ့မယ်"

"အမ် ဆေးမထိုးလို့ မရဘူးလားဒေါက်တာ"

"စိတ်ချရအောင် ဆေးထိုးရမယ် "

Sun ဦးသစ်ကိုလှည့်ကြည့်လိုက်ပါသည်။ လူကောင်ကြီးသလောက်အပ်သေးသေးလေးကိုကြောက်နေလေရဲ့ စချင်လာတာနဲ့

ရာဇဝင်တွင်မဲ့ အနမ်းTempat cerita menjadi hidup. Temukan sekarang