ရာဇဝင်တွင်မဲ့အနမ်းpart 10

459 9 0
                                    

အခန်း ၁၀

အခုဆို မြန်မာပြည်ကိုသူရောက်တာငါးလလောက်ပင်ရှိပါတော့မည်။လုပ်ငန်းပိုင်းကိုအတော်အသင့်နားလည်နေပြီလဲဖြစ်သည်။ အတူတူအလုပ်လုပ်လာရင်းဦးသစ်ကိုလဲပိုနားလည်လာခဲ့သည်။ဒီနေ့က ရာစုနဲ့ ရတုတို့ကို ပရိတ်သတ်နဲ့တရားဝင်မိတ်ဆက်ပွဲလုပ်မှာဆိုတော့ ဦးသစ်လဲသွားရမှာမို့သူပါလိုက်ရပါသည်။
သူရောက်စတဲ့က ဒီလိုပွဲမျိုးပထမဦးဆုံးအကြိမ်လဲဖြစ်သည်။ဟိုတယ်မှာပွဲလုပ်တာဆိုတော့ မိတ်ကပ်ခန်းကလဲတစ်ယောက်တစ်ခန်းမရပေ။အခန်းထဲမှာလူများစွာနဲ့ရှုပ်ရှပ်ခက်နေလေသည်။ ဟိုသာလိကာမကတစ်မျိုးနှောက်ယှက်နေသည်။

ဦးသစ်ကသူ့ပွဲမဟုတ်တော့ မိတ်ကပ်သိပ်ပြင်စရာမလိုပါ

"ဦးသစ် စကားပြောရမှာလေး တစ်ခေါက်လောက်ထပ်ဖတ်မလား"

"အင်း ပေးလေ ဖတ်လိုက်မယ် "

"​အပေါ်ဝတ်ကိုသွားခါနီးမှဝတ်လိုက်လေ ပူနေတော့ ချွေးတွေထွက်ကုန်မယ် "

"အင်း အဲ့ဒီအချိန်မှဝတ်မယ်"

"အဲ့ဒီစာရွက်ရတီကိုပေး ရတီကိုကို ကို ကူညီပေးလိုက်မယ်"

ဖုန်းတစ်လုံးနဲ့စိတ်ကြိုက်ဓာတ်ပုံရိုက်လို့အားရမှဒီဘက်ကိုလှည့်လာလေသည်။ပြောနေရင်း sun လက်ထဲက စာရွက်ကိုဆွဲယူသွားလေသည်။

"မင်းအဲ့ဒီစာရွက်ကိုယူသွားမှတော့ ငါဘာကိုသွားကြည့်ရမှာလဲ မင်းကငါ့အစား စင်ပေါ်တက်ပြီးစကားပြောမှာလား"

"မသိဘူးလေ ကိုကိုရယ် ရတီက ကူညီပေးချင်လို့ကို"

"မင်းကူညီပေးချင်ရင်ငြိမ်ငြိမ်ထိုင်ရင် ထိုင်နေ မဟုတ်ရင်လဲ အပြင်ထွက်နေပေး သူများတွေအချိန်နဲ့အလုပ်လုပ်နေတာ ကို အနှောက်အယှက်ဖြစ်နေတယ်"

"ပြီးတာပဲ ရတီလဲဒီလောက်လူအများကြီးနဲ့မနေချင်ပါဘူး ကိုကိုကြောင့်သာဒီရောက်နေတာ ရတီ့ကို
ဆိုဘယ်တော့မှအကောင်းမပြောဘူး"

ပြောပြီးထ ထွက်သွားလေသည်။ထိုစဥ် အခန်းတံခါးက ပွင့်လာပြီး အဝတ်တွေချိတ်ဆွဲထားတဲ့စဥ်ကို ကောင်လေးတယောက်က နောက်ပြန်ဆွဲလာလေသည်။ ရတီက သူ့ရှေ့ရောက်တော့

ရာဇဝင်တွင်မဲ့ အနမ်းDonde viven las historias. Descúbrelo ahora