အခန်း (၅)
========T&Y Entertainment ဆိုတဲ့နာမည်ဆိုင်းဘုတ်နဲ့ ငါးထပ်တိုက်အဆောက်အဦးကြီးကို sun မော့ကြည့်နေမိသည်။ နံရံကပ် LED ဘုတ်မှာ ပေါ်နေတဲ့ဦးသမိုင်းသစ်ရဲ့ကြေညာ အမျိုးမျိုးတွေကသူ့ကိုဆွဲဆောင်နေလေသည်။ထိုစဥ် ကိုမင်းပိုင်နဲ့စကားပြောနေသောအန်တီမေ ပြန်ရောက်လာပြီး
"sun လေး နေလို့အဆင်ပြေသွားပြီလား"
"ပြေပြီ အန်တီမေ "
"ကဲ လာ အန်တီမေ အထဲကိုလိုက်ပြမယ်"
အထဲကို စဝင်လိုက်ခြင်းမှာပဲ ဘေးတစ်ဖက်တစ်ချက်ဆီမှာ ကပ်ထောင်ထားတဲ့ သရုပ်ဆောင်တွေရဲ့ ပုံတွေ
"ဒါက အန်တီမေတို့ဆီက ပွဲဦးထွက်ထားတဲ့ လူတွေအစဥ်လိုက်ပေါ့"
အရင်ဆုံးမြင်လိုက်မိတာက ဦးသမိုင်းသစ်ရဲ့ ယခုပုံစံနဲ့မတူဘဲငယ်ရွယ်နေသေးတဲ့ပုံဖြစ်သည်။
"ဒါဆို ဦးသမိုင်းသစ်က ပထမဦးဆုံးလား အန်တီမေ"
"ဟုတ်တယ် sun လေး မိုင်း က အန်တီမေတို့အေဂျင်စီရဲ့ ပွဲဦးထွက်ပေါ့ ဒီအေဂျင်စီကအန်တီမေနဲ့ မိုင်း အစပြုခဲ့တယ်ဆိုတာလဲဟုတ်တယ်"
"T&Yဆိုတာက အန်တီမေတို့ နာမည်အစတွေပေါ့"
"ဟုတ်တယ် sun လေး မိုင်းနဲ့အန်တီမေ ဒီအခြေနေထိရောက်အောင်အများကြီး ကြိုးစားခဲ့ရတာ "
"အန်တီမေတို့အရမ်းပင်ပန်းခဲ့မှာပေါ့နော်"
"ပင်ပန်းလားဆိုတာတော့ အန်တီမေ မသိဘူး ဒီအလုပ်ကိုမြတ်နိုးနေတော့ အလုပ်လုပ်နေတဲ့အချိန်တိုင်းပျော်နေခဲ့ရတယ် မိုင်းဆိုရင်လဲ တစ်ခါမှ မငြီးငြူခဲ့ဘူးလေ"
အန်တီမေ ပြောတာတွေ နားထောင်ရင်းတက်လာခဲ့တာ ဝန်ထမ်းတွေရှိတဲ့ပထမထပ်ကိုရောက်လာလေသည်။
မှန်ခန်းတွေ အသီးသီးကာရံထားတဲ့ရုံးခန်းတွေရှေ့မှာ သက်ဆိုင်ရာတာဝန်တွေကပ်ထားလေသည်။
ဇာတ်ညွှန်းအဖွဲ့ခန်း ဆိုရှယ် မီဒီယာအခန်း အစည်းအဝေးခန်း အစရှိသဖြင့် ဖျော်ဖြေရေးနယ်ပယ်နဲ့ သက်ဆိုင်ရာ အခန်းပေါင်းမြောက်များစွာ
လူပေါင်းမြောက်များစွာကိုကြည့်ရင်း sun မူးနောက်နောက်ပင်ဖြစ်ချင်လာသည်။လူတိုင်းက အလုပ်ကိုယ်စီလုပ်ကိုင်နေရင်း ပြေးလွှားလှုပ်ရှားနေတာမို့
သူတို့ကိုသတိမထားမိကြပါလေ။ အန်တီမေ ရှင်းပြနေတာကို နားထောင်နေပင်မဲ့ Sun ချွေးစီးတွေပင်ထွက်လာလေသည်။ နေရာအနေအထားနဲ့ကျင့်သားမရသေးတာကြောင့်လဲပါလေသည်။သူငြိမ်နေတော့ အန်တီမေ သတိထားမိသွားကာ
VOCÊ ESTÁ LENDO
ရာဇဝင်တွင်မဲ့ အနမ်း
Romanceဤစာထဲမှာပါသောအကြောင်းအရာများသည် မိမိ၏ စိတ်ကူးအတွေးအမြင်များသာဖြစ်ပါသည်။ တူညီခဲ့သောအကြောင်းအရာများအမည်များ စာသားများပါခဲ့လျှင် တိုက်ဆိုင်မှု့သက်သက်သာဖြစ်ကြောင်းအနူးအညွန့်တောင်းပန်အပ်ပါသည်။ ပထမဦးဆုံးစရေးတဲ့သူအို့အမှားများလိုအပ်ချက်များပါရှိခဲ့ပါလျှင်...