အခန်း (၁၂)
Sunစိတ်တွေ ဒီရက်ပိုင်း ပုံမှန်အတိုင်းဖြစ်မနေပါ။အထိအတွေ့ကိုပဲ သာယာတာလား မသိပေမဲ့ ဦးသစ်မျက်နှာကို ရဲရဲမကြည့်နိုင်ပေ။ ဦးသစ်ကိုမြင်တိုင်း မနာခံတက်တဲ့နှလုံးသားက ဗရမ်းပတာခုန်လာလို့မျက်နှာလွှဲရတာခနခနပင်။ ဒီနေ့တော့ရုံးကိုသူတို့လာရပါသည်။ ဦးသစ်နဲ့ ရွှန်းလဲ့ရတီတို့ရဲ့ ချစ်သူဖြစ်ဖို့စာချုပ်ကပြည့်ပြီ ဖြစ်လေသည်။ ဒီနေ့နှစ်ဦးသဘောတူလမ်းခွဲပြီဖြစ်ကြောင်းကြေညာမှာလဲဖြစ်ပါသည်။ ခြောက်လဆိုတဲ့အချိန်တစ်ခုက ဘာမှမကြာလိုက်ပဲကုန်ဆုံးသွားတယ်ထင်ရပါသည်။ လူငယ်လဲဖြစ် အမြဲတမ်းလဲ ပြုံးပျော်နေတက်တဲ့ သူ့ကို ရုံးချုပ်က လူတော်တော်များများခင်ကြပါသည်။ ခုလဲ အစည်းအဝေးခန်းထဲသွားတဲ့ဓာတ်လှေကားမှာမာမီချိုတို့နဲ့ဆုံလေသည်။
"အလိုတော် ရှင်တို့နှစ်ယောက်ကြားမှာ ကျုပ်တို့တွေမျက်နှာငယ်လိုက်တာမင်းသားကလဲ ရောင်
ဝါတောက်ပ မန်နေဂျာကလဲ ထွန်းလင်းတောက်ပနဲ့ ကျုပ်တို့ရပ်ကွက်ကြီးပဲ မိုးချုပ်နေသလို"ဆုံပါများလာတော့ မာမီချိုရဲ့ပြောစကားတွေနဲ့နေသားကျနေပါသည်။ sunကဘာမှမပြောပဲရယ်နေလေသည်။ ဦးသစ်ကတော့
"မာမီကတော့ လုပ်ပြီနော် ဒီလိုတောက်ပနိုင်အောင် မာမီတို့အားတွေပေးထားတာကို"
"အမလေးနော် ဒီလိုချုပ်ကွက်တွေကို အင်တာဗျူးဖြေမှသာ ထုတ်သုံးပါတော်"
"ဟုတ်တယ်မာမီရဲ့ ဦးသစ်ပြောတာမမှားပါဘူး"
"မင်းသားနဲ့ မန်နေဂျာကတော့ အတိုင်အဖောက်ညီတယ်နော် ဟင်း"
ပြောနေရင်း အစည်းအဝေးခန်းအထပ်ရောက်တော့
ဦးသစ်နဲ့သူ ထွက်ခဲ့လိုက်ပါသည်။အရင်ဆုံးအန်တီမေ ရုံးခန်းကိုလာခဲ့လိုက်သည်။"ရောက်ပြီလား မိုင်း လာ sun ထိုင်ကျအုံး သူတို့လာနေတဲ့လမ်းမှာလို့ပြောတယ်"
"ဟုတ် အန်တီမေ "
"မိုင်းရော ဒီရက်ပိုင်းနေလို့အဆင်ပြေရဲ့လား"
အန်တီ မေရဲ့ အမေးစကားကို ဦးသစ် ကမျက်လုံးလှန်ကြည့်ပါသည်။ သူတို့စကားပြောလို့ရအောင် သူအပြင်သွားဖို့ပြင်လိုက်ပါသည်။
ESTÁS LEYENDO
ရာဇဝင်တွင်မဲ့ အနမ်း
Romanceဤစာထဲမှာပါသောအကြောင်းအရာများသည် မိမိ၏ စိတ်ကူးအတွေးအမြင်များသာဖြစ်ပါသည်။ တူညီခဲ့သောအကြောင်းအရာများအမည်များ စာသားများပါခဲ့လျှင် တိုက်ဆိုင်မှု့သက်သက်သာဖြစ်ကြောင်းအနူးအညွန့်တောင်းပန်အပ်ပါသည်။ ပထမဦးဆုံးစရေးတဲ့သူအို့အမှားများလိုအပ်ချက်များပါရှိခဲ့ပါလျှင်...