အခန်း ၃၄
"ဟားးးးး ကဲကွာ ကဲကွာ"
"သစ် သစ် မလုပ်နဲ့လေ သစ်ရယ် ခုနင်ဖြစ်ချင်သလိုဖြစ်သွားပြီပဲ"
နံရံကိုအားရပါးရထိုးနေတဲ့ သစ်ရဲ့လက်တွေကိုဆွဲထားမိပါသည်။
"မတားနဲ့ ငါကိုမတားကျပါနဲ့ဟာ ငါနာကျင်တယ်ဆိုတာချာတိတ်ရဲ့တစ်ဝက်ကိုတောင်မမှီသေးပါဘူး။ မတားကျပါနဲ့ ငါတောင်းပန်ပါတယ်"
"သစ်ရယ်မလုပ်ပါနဲ့ဟာ "
သွေးတွေစီးကျနေတဲ့ လက်ကို သွန်းဆွဲထားလိုက်မိပါသည်။ခနနေတော့ သစ်ရဲ့ ဖုန်းထဲ စာရောက်လာခဲ့ပါသည်။
"မိုင်း ငါဆန်းကို အိမ်ပြန်ပို့လိုက်ပြီ"
လက်ထဲက ဖုန်းကိုနံရံနဲ့ ပစ်ပေါက်လိုက်လေသည်။
"သစ်ရယ် စိတ်ထိန်းပါဟာ နင့်မွေးနေ့ကြီးမှာ"
"မထိန်းနိုင်ဘူး ငါ့ကိုလွှတ်ထားပေးကြပါဟာ သွားကြဟာ အကုန်ထွက်သွားကြ"
သစ်ရဲ့ ဒေါသတကြီးအော်ဟစ်သံတွေက အခန်းထဲမှာပြန့်လွင့်သွားလေသည်။ ပြောမရဘူးဆိုတာသိတဲ့ နောက်ဆုံး သူမသာလက်လျော့လိုက်ရပါသည်။ သစ်ကိုစိတ်မချပေမယ့် ဒီအချိန်မှာတစ်ယောက်ထဲနေချင်မှာကိုနားလည်ပါသည်။
သူမအခန်းပြင်ထွက်ခဲ့လိုက်တော့ တံခါးဝမှာ ကိုပိုင်နှင့်တွေ့လေသည်။ မျက်ဝန်းချင်းဆုံလိုက်မိတော့ သူမခေါင်းခါပြလိုက်သည်။
"သူ့ လက် ဒဏ်ရာရထားတယ်အကို ဆေးတော့ထည့်ပေးမှဖြစ်မယ်"
"အင်း ကျေးဇူးပဲ သွန်း အစစအရာရာအတွက်"
သွန်းထွက်သွားတော့ မင်းပိုင် ကောင်တာမှာ လိုအပ်တဲ့ဆေးတွေမှာပြီး အခန်းဆီပြန်လာခဲ့လိုက်ပါသည်။
ကုတင်ဘေးအောက်ကြမ်းပြင်မှာထိုင်နေတဲ့ မိုင်းက မျက်ရည်တွေနှင့် သူ့ကိုမော့ကြည့်လာပါသည်။
"အကို သူ သူ ကျွန်တော့်ကိုမုန်းသွားပြီပေါ့နော် ကျွန် ကျွန်တော်က တကယ် မကောင်းတဲ့အကောင်ပါအကိုရာ"
မင်းပိုင် ရှေ့မှာ ရှိုက်ကြီးတငင် ငိုနေတဲ့ မိုင်းကို ဆွဲဖက်လိုက်ပါသည်။
KAMU SEDANG MEMBACA
ရာဇဝင်တွင်မဲ့ အနမ်း
Romansaဤစာထဲမှာပါသောအကြောင်းအရာများသည် မိမိ၏ စိတ်ကူးအတွေးအမြင်များသာဖြစ်ပါသည်။ တူညီခဲ့သောအကြောင်းအရာများအမည်များ စာသားများပါခဲ့လျှင် တိုက်ဆိုင်မှု့သက်သက်သာဖြစ်ကြောင်းအနူးအညွန့်တောင်းပန်အပ်ပါသည်။ ပထမဦးဆုံးစရေးတဲ့သူအို့အမှားများလိုအပ်ချက်များပါရှိခဲ့ပါလျှင်...