ရာဇဝင်တွင်မဲ့အနမ်း part 28

352 6 0
                                    

အခန်း ၂၈

ဆေးရုံရဲ့ခွဲစိတ်ခန်းရှေ့က ခုံမှာ သွေးတွေမြင်မကောင်းအောင်ပေကျံနေတဲ့ကောင်လေးတစ်ယောက်ထိုင်နေလေသည်။ တံခါးဝကိုစိုက်ကြည့်ကာ လက်မနှစ်ချောင်းကို ပွတ်သပ်နေပုံက စိတ်လှုပ်ရှားမှု့အပြည့်။အဘယ်မျှ ငိုထားသည်မသိ မျက်ဝန်းအတွင်းသားတို့ဟာ အနီရင့်ရောင်သန်းနေလေသည်။
​ခြောက်ကပ်ပေကျံနေတဲ့သွေးတို့ကို ဆေးချဖို့ကိုလဲသတိရပုံမပေါ်။တံခါးဝမှာတော့ အထဲကိုမမြင်ရပေမဲ့ ခနခနသွားကြည့်နေတဲ့လူတစ်ယောက်လဲရှိနေ
သေးသည်။

"ဆန်းလေး"

အသံလာရာဆီသို့ တံခါးဝရောက်နေတဲ့မျက်ဝန်းတို့က ရွေ့လျားသွားကြပါသည်။

"အန် အန်တီမေ"

အခုမှအသိဝင်လာသလို ဆန်းထပြေးသွားလေသည်။

"ဦး ဦးသစ်လေ ကျွန်တော်ကြောင့် ကျွန်တော်ဆီလာတဲ့ဓားကို ကာလိုက်လို့ အစ် အင့် ဟီးဟီး ဟီး"

အနားမယူချင်သေးတဲ့ မျက်ဝန်းအိမ်ကစိုစွတ်လာပြန်ပါသည်။အားအင်ကုန်ခန်းနေတဲ့ခြေထောက်တို့က ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ချလျှက်

"အို ဆန်းလေးရယ် ထပါကွယ် မိုင်းဘာမှမဖြစ်ပါဘူး
အဆင်ပြေသွားမှာပါ ဆန်းလေး အပြစ်မဟုတ်ပါဘူး
ကိုယ့်ကို ကိုယ်အပြစ်မတင်ပါနဲ့ကွယ်"

ယွန်းမေ ဆန်းကိုပြောနေပေမယ့် စိတ်ထဲမှာတော့ ရသမျှဘုရားစာမျိုးစုံရွတ်နေမိပါသည်။နယ်ဘက်ရောက်နေတုန်းသတင်းကြားတာမို့ နီးစပ်ရာလေယာဥ်နဲ့ လာခဲ့တာဖြစ်သည်။ ဂျေး ရဲ့ club မှာဖြစ်တာရော ဆေးရုံကပါ ဂျေး မိဘတွေပိုင်တဲ့ဆေးရုံမို့ မိုင်းသတင်းက အပြင်ကိုမပေါက်ကြားပေ။ သွေးထွက်လွန်ထားလို့ စိုးရိမ်ရတဲ့အနေအထားကြောင့် သူမလဲ ဆန်းလေနီးတူ စိတ်ပူနေမိပါသည်။ သီးသန့်ခွဲစိတ်ခန်းအရှေ့မှာ မိုင်းသူငယ်ချင်းနှစ်ယောက်နဲ့ ဂျေးပါရှိနေလေသည်။

ဆန်းလေးကို ခုံပေါ်ပြန်ထိုင်ခိုင်းထားရင်း သူမလဲ ခွဲစိတ်ခန်းထဲက ထွက်လာမဲ့ ဆရာဝန်ကိုမျှော်နေမိပါသည်။တစ်နာရီကျော်လောက်ကြာပြီးနောက်ခွဲစိတ်ခန်းတံခါးပွင့်လာလေသည်။

ရာဇဝင်တွင်မဲ့ အနမ်းWhere stories live. Discover now