ရာဇဝင်တွင်မဲ့အနမ်း part 15

477 7 0
                                    

အခန်း ၁၅

ဒီနေ့ဦးသစ် တို့ခရီးသွားတော့မှာမို့ ဆန်းပြင်ထားတဲ့ခရီးဆောင်အိတ်ကို နောက်တစ်ခေါက်သေချာပြန်စစ်လေသည်။

"ဦးသစ် ညအိပ်ရင် လက်ပတ်ဝတ်အိပ်ဖို့မမေ့နဲ့နော် ဆေးတွေက ကျွန်တော်သေချာ စာရေးပေးထားတယ် လိုအပ်လို့သောက်ရ ရင် စာသေချာဖတ်အုံး"

"အင်းပါကွာ "

"ပြီးတော့ အဲ့ဒီမှာအေးတယ်ပြောတယ် ညအိပ်ရင် အဝတ်မပါပဲမအိပ်နဲ့အုံး အနွေးထည်လဲထည့်ပေးလိုက်တယ်"

"အဟင်း "

"ဘာရယ်တာလဲ"

"မင်းကိုသဘောကျလို့ပါ ယောက်ျား ခရီးသွားလို့ စိတ်ပူပေးနေတဲ့ မိန်းမနဲ့တူလို့"

"ဦးသစ်နော် ခင်ဗျားမရှက်ပေမယ့် ကျွန်တော်နားရှက်တယ်ဗျ"

"မင်းကို တူတယ်ပဲပြောတာပါကွာ ကိုယ့်မိန်းမလို့မပြောသေးပါဘူး"

"ခင်ဗျားနော် တော်ပြီ ကျွန်တော်ဆင်းနှင့်တော့မယ် အောက်မှာစောင့်နေမယ်ပြီးရင် ဆင်းခဲ့"

ပြောပြီး ခရီးဆောင်အိတ်ကိုယူကာ ထွက်သွားတဲ့ချာတိတ်ကို တံခါးနားရောက်ခါနီးသူလှမ်းဆွဲလိုက်ပါသည်။ သူဆွဲတဲ့အရှိန်နဲ့ ချာတိတ်လည်ပြီးပါလာတော့မျက်နှာချင်ဆိုင်ဖတ်လျှက်သားဖြစ်သွားလေသည်။သူချာတိတ်ကိုတင်ကြပ်စွာဖက်လိုက်ရင်း

"ဦးသစ် ဘာလုပ်တာလဲ ကိုပိုင်ဝင်လာအုံးမယ်"

"ခနလေးပါကွာ တပတ်ကြီးများတောင်ခွဲရမှာ မတွန့်တိုစမ်းပါနဲ့"

"သူများမြင်ရင်မကောင်းဘူးလေဦးသစ်ရဲ့"

"မမြင်ပါဘူး ခနလေးပဲ တပတ်စာအားအင်းတွေယူနေတာ"

လွှတ်မပေးတဲ့အဆုံး ဆန်းငြိမ်နေလိုက်ပါသည်။

"ချာတိတ် ကိုယ်မရှိတဲ့အချိန်ဂရုစိုက်နော် လူတွေကြားထဲချော်မလဲစေနဲ့ ဘောင်းဘီအတိုတွေလဲမဝတ်နဲ့နော် ပြီးတော့ အရက်လဲမသောက်နဲ့ ပိုအရေးကြီးတာက နေမကောင်းမဖြစ်စေနဲ့နော်"

"မှာတာကလဲ များလိုက်တာ"

"ထပ်မှာချင်တာတွေအများကြီး နောက်တစ်ခုရှိသေးတယ် ကိုယ့်ကိုလွမ်းလို့ဆိုပြီးငိုမနေနဲ့ "

ရာဇဝင်တွင်မဲ့ အနမ်းWo Geschichten leben. Entdecke jetzt