ရာဇဝင်တွင်မဲ့အနမ်း part (33)

320 5 1
                                    

အခန်း (၃၃)

အချိန်တွေကြာလာတာနှင့်အမျှ ဦးသစ်ရဲ့ အေးစက်မှု့တွေ ဥပေက္ခာ ပြုမှု့တွေနဲ့ဆန်းနေသားကျလာပါသည်။ ခုနောက်ပိုင်းဆို မသွန်းကို အိမ်အလည်တောင် ခနခနခေါ်လာတက်သည်။ သူပြောလိုက်လျှင် နားလည်မပေးနိုင်ဘူးလားဆိုတဲ့ စကားကိုလဲ ထပ်မကြားနိုင်တော့လို့ ဘာဆိုဘာမှ ဝင်မပြောဖြစ် ။ သူတို့တွေပျော်ရွှင်ရယ်မောနေတဲ့အချိန်ဆို ကိုယ့်အခန်းလေးထဲဝင်ပြီး ဘေဘီလေးကိုသာ ဖက်ငိုခဲ့ရတဲ့နေ့တွေဆိုတာ လက်ချိုး​  လို့တောင်မလောက်တော့။ အပြင်မှာလဲ ခနခနထွက်အိပ်တက်တဲ့ဦးသစ်ဟာ စိတ်ဆိုးဒေါသထွက်လဲ လွယ်လာခဲ့သည်။ သူစိတ်အလိုမကျတဲ့အခါတွေတိုင်းမှာဆို ဆန်းကိုတောင်လူကြားထဲအော်ဟစ်တက်ပါသည်။ ဘာကြောင့်များဦးသစ်ပြောင်းလဲသွားတာလဲဆိုတဲ့အဖြေကိုတော့သူမရှာချင်တော့ပါ။ ကြောက်မိပါသည်။ ဦးသစ် သူ့ကို မချစ်တော့မှာကို။ အခုလဲ ခြံထဲက ရေကူးကန်နားမှာ မသွန်းနဲ့ရေကူးပြီးစကားပြောနေကြလေသည်။ ဆန်းလဲ လူသားပါပဲ နာကျင်တက်ပါသည်။ ခံစားတက်သလို ဝမ်းနည်းတက်ပါသည်။သူတို့ပျော်ရွှင်နေတဲ့အချိန်တိုင်းမှာ ရင်ဘက်ထဲမှာသေချင်လောက်တဲ့အထိအောင်နာကျင်မိပါသည်။
သူဆက်မကြည့်ချင်တော့လို့ အခန်းထဲပြန်ဝင်လိုက်ချိန် ဖုန်းကမြည်လာလေသည်။

"ဟဲလို ချာတိတ်"

"ဟုတ် ဦးသစ်"

"သွန်းအေးနေလို ပုဝါအသစ်တစ်ထည်နဲ့ ကော်ဖီယူလာပေးပါ "

"ဟုတ်ကဲ့ "

"မြန်မြန်လေးနော်"

ဦးသစ်ဖုန်းချသွားတော့ သက်ပျင်းချလိုက်မိပါသည်။ဒီလိုပါပဲ မသွန်းအိမ်လာတဲ့အချိန်တွေတိုင်းမှာ တစ်ခုမဟုတ်တစ်ခုကတော့ မသွန်းအတွက်သူလုပ်ပေးနေရမြဲပင်။ ကြာနေရင် အော်ခံရမှာစိုးလို့ ပုဝါကိုမြန်မြန်ယူပြီးအောက်ဆင်းကာ ကော်ဖီဖျော်လိုက်ပါသည်။ အရှေ့ကိုပြန်ထွက်လာတော့ ရတုနဲ့တွေ့ကာ

"ဘရားသား ဘယ်လဲ"

"ခြံထဲ "

"ဘာလဲ ဟိုမိန်းမအတွက်လား"

ဆန်းပြုံးပြလိုက်မိပါသည်။

"ကျွန်တော်သွားပေးလိုက်မယ်"

ရာဇဝင်တွင်မဲ့ အနမ်းWhere stories live. Discover now