အခန်း( ၃၀)
ဖြာကျနေတဲ့ နေရောင်ကြောင့် အရောင်တွေ လက်နေတဲ့ ရေပြင်ထက်ဝယ် ပျော်ရွှင်စွာရေဆော့ကစားနေတဲ့ စုံတွဲ လေးက မြင်သူတိုင်းငေးချင်စရာ။ရေကူးဝတ်စုံဝတ်ထားတဲ့ ကောင်မလေးကသေးသေးသွယ်သွယ်လေးနဲ့ ချစ်စရာကောင်နေသလို အင်္ကျီအပါးကရေစိုပြီး အောက်က ကြွက်သားအမြှောင်းတွေနဲ့ ကောင်လေးကလဲ စွဲဆောင်မှုတစ်မျိုးနှင့် နှစ်ယောက်စလုံးရဲ့မျက်နှာမှာတော့ အပြုံးတို့ကဝေဆာလျှက်ပေါ့ ။ ထို့နောက်ကောင်လေးက သူရဲ့ သန်မာတဲ့ လက်တွေနဲ့ သေးသွယ်နေတဲ့ ကောင်မလေးကိုပွေ့ချီလိုက်တဲ့အချိန် ကောင်မလေးက ရှက်စဖွယ်မျက်နှာလေးနှင့်ကောင်လေးရင်ခွင်ထဲခေါင်းတိုးလျှက်။
"ကဒ် အိုကေတယ် ခန နားမယ်"
ဒါရိုက်တာရဲ့ အသံအဆုံးမှာ ပွေ့ချီထားတာကိုအောက်ကိုချပေးလိုက်ပြီး မျက်နှာထက်ဝယ်ခုနက နူးညံ့မှု့တွေပျောက်ဆုံးလျှက် ။ဆန်းလဲ တာဝါကိုယူကာဦးသစ်နားပြေးသွားလိုက်လေသည်။ တက်သစ်စသရုပ်ဆောင်ဖြစ်တာကြောင့် အချိန်ကြာမြင့်စွာရေထဲမှာခနခနပြန်ရိုက်နေရတာမို့ ဦးသစ်နှုတ်ခမ်းတွေတောင်ပြာချင်နေသည်။
"ဦးသစ် ကော်ဖီသောက်လိုက်အုံးနွေးသွားအောင်"
"ဖြေးဖြေး လာပါချာတိတ်ရဲ့ လဲနေအုံးမယ်"
"ဖြေးလို့မရဘူး ဦးသစ် ဖျားမှာစိုးလို့"
"ဘာဖြစ်လဲ ဖျားလဲ ဂရုစိုက်ပေးမဲ့မင်းရှိနေတာပဲ"
"ဂရုစိုက်ပေးတာက ရတယ် အလုပ်တွေနှောင့်နှေးနေကုန်မှဖြင့်"
"သြော် ကိုယ့်ကို စိတ်ပူလို့မဟုတ်ဘူးပဲ"
"တွေ့လား ပြောပြန်ပြီ"
"ဟားဟား စတာပါကွာ"
"ရယ်မနေနဲ့ ပြီးရင်တစ်ခုခုစားပြီးဆေးသောက်ရအောင်"
အဝတ်စားလဲဖို့အခန်းကိုပြန်လာနေတာမို့ လမ်းမှာ ပရိတ်သတ်တစ်ချို့ကိုတွေ့လိုက်ရလေသည်။
"အကိုမိုင်း ဓာတ်ပုံလေးရိုက်ချင်လို့"
"ဟုတ်ကဲ့ ရပါတယ်ခင်ဗျ"
![](https://img.wattpad.com/cover/311343315-288-k285265.jpg)
VOCÊ ESTÁ LENDO
ရာဇဝင်တွင်မဲ့ အနမ်း
Romanceဤစာထဲမှာပါသောအကြောင်းအရာများသည် မိမိ၏ စိတ်ကူးအတွေးအမြင်များသာဖြစ်ပါသည်။ တူညီခဲ့သောအကြောင်းအရာများအမည်များ စာသားများပါခဲ့လျှင် တိုက်ဆိုင်မှု့သက်သက်သာဖြစ်ကြောင်းအနူးအညွန့်တောင်းပန်အပ်ပါသည်။ ပထမဦးဆုံးစရေးတဲ့သူအို့အမှားများလိုအပ်ချက်များပါရှိခဲ့ပါလျှင်...