ရာဇဝင်တွင်မဲ့အနမ်းpart 25

349 8 0
                                    


အခန်း ၂၅

ဦးသစ်ထွက်သွားတော့ ဆန်း မှန်ထဲမှာပေါ်နေတဲ့ ကိုယ့်ပုံစုံကို ပြန်ကြည့်နေမိသည်။ ပါးပြင်ထက်လိမ့်ဆင်းလာတဲ့ပူနွေးနွေးမျက်ရည်စီးကြောင်းအဓိပ္ပါယ်ကိုသူကိုယ်တိုင်တောင်နားမလည်မိပါ။ သူပျော်နေတာလားဝမ်းနည်းနေတာလားလဲ ဝေခွဲမရ။ အချစ်ဆိုတဲ့နှောင်ကြိုးက ချည်နှောင်ပြီးရင် ဖြတ်တောက်ဖို့ခက်တယ်မှတ်လား။ ထိုနှောင်ကြိုးနဲ့ သူ ဦးသစ်ကို ရစ်ပတ်မိနေပြီလား။ လည်ပင်းမှာ ထင်နေတဲ့ အရာတွေကို တို့ထိလိုက်တော့ ရင်ခုန်သံတွေက မြန်ဆန်လာပြန်သည်။ သူ ဦးသစ်ကိုချစ်သည်။ နက်နက်ရှိုင်းရှိုင်းနဲ့ကို ချစ်လေသည်။ ထို့ကြောင့်လဲထိုလူသား ထိခိုက်ပျက်ဆီးမှာသူမလိုချင်။သူ့ရဲ့ သက်ဆိုင်ရာကျွမ်းကျင်မှု့ကိုတောင်မလုပ်ပဲ ဝါသနာကြောင့်ရွေးချယ်ခဲ့တဲ့လမ်းကိုရပ်တန့်ဖို့တွေးနေတာကြောင့်
သူ ကြောက်နေမိပါသည်။ ထိုသို့မဖြစ်စေချင်ပါ ဦးသစ်ကို သူပျော်ရွှင်တာကိုပဲလုပ်စေချင်သည်။ ဒါဆိုသူကရော ဦးသစ်အနားမန်နေဂျာလိုမျိုးပဲနေရမှာပင်။ ဒါလဲသူ့အတွက်အဆင်ပြေသည်လေ ဦးသစ်ပျော်ရွှင်မှု့က သူ့အတွက် အရေးကြီးဆုံးပင်။

အတွေးတို့ နယ်ချဲ့လိုက်တာ ဦးသစ်ပြန်ရောက်တဲ့အထိအခန်းပြင်သူမထွက်ရသေးပေ။

"ချာတိတ် အထဲကနေမထွက်ရသေးတာလား"

"မဟုတ်ဘူးဦးသစ် နောက်တစ်ခေါက်ဝင်တာ"

မုသားသုံးလိုက်ရပါသည်။သူအထဲရောက်နေတာနာရီဝက်လောက်ရှိနေပြီကိုး ။ခြေလှမ်းဖို့ကိုခြေထောက်တို့ကရွှေ့မရ။ထုံကျဥ်နေလေသည်။တကိုယ်လုံးနာကျင်ကိုက်ခဲနေတာကလဲမသက်သာလှပါ။

"ဦးသစ် ကျွန်တော့်လာခေါ်အုံး"

"လာပြီ လာပြီ"

ချာတိတ်ကို ပွေ့ချီလာပြီး ကုတင်ပေါ်အသာချပေးလိုက်ပါသည်။

"ကြက်ပေါင်းစားပြီးဆေးသောက်ရအောင်နော်"

"ဟုတ် ဦးသစ် ဓာတ်ပုံရိုက်ဖို့ရှိတယ်ဆို"

"အင်းမနက်ဖြန်ရွှေ့လိုက်တယ်"

"အာ ဦးသစ် အလုပ်တွေပျက်တာများနေပြီနော်"

ရာဇဝင်တွင်မဲ့ အနမ်းOù les histoires vivent. Découvrez maintenant