အခန်း ၃၂
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
"အကို "
"အင်း နွေဦး"
"အစစအရာရာဂရုစိုက်နော် အစားကိုလဲအချိန်မှန်စား ညအရမ်းနက်တဲ့အထိ အလုပ်တွေဖိလုပ်မနေနဲ့ "
"အင်းပါကွာ နွေဦးသာဟိုမှာဂရုစိုက်နော် ပြီးတော့ကြိုးစား"
"ဟုတ်အကို ကျွန်တော်ဖုန်းခေါ်ရင်လဲကိုင်နော် ပြီးတော့ကတိအတိုင်း နေ့တိုင်း ဗွီဒီယို ကော ပြောရမှာနော် "
"အင်း"
"အကိုစကားနားထောင်ပြီးကျွန်တော်လိုက်သွားတာနော် အကိုလဲ ကျွန်တော့်စကားနားမထောင်ရင် ကျွန်တော်ပြန်လာမှာ"
"အဟင်း ဟုတ်ပါပြီကွာ အကိုအားရင်လာတွေ့မယ်နော်"
"ဟုတ်အကို"
ပြောရင်းက နွေဦးက မျက်ရည်တွေကျလာပြန်ပါသည်။
"ဟာကွာ မငိုပါနဲ့ အာ့လိုဆို အကိုက ဘယ်လိုစိတ်ချမှာတုန်း အတက်နိုင်ဆုံးဟိုမှာပျော်အောင်နေနော် နွေဦးဖေဖေနဲ့လဲ အမြန်ရင်းနှီးအောင်လုပ်"
"ဟုတ်"
"ကဲသွားတော့ အချိန်နီးနေပြီ"
"အကို"
"သွားတော့မယ်အကို"ဟုဆိုကာ လှည့်ထွက်သွားလေသည်။ မှန်ခန်းထဲကနေလှည့်ကြည့်လှည့်လုပ်နေတဲ့ကောင်လေးကို လက်ထောင်ပြီးသူပြုံးပြလိုက်ပါသည်။ ရင်ထဲမှာတော့ နာကျင်စွာငိုကျွေးလျှက်ပေါ့။
နွေဦးကိုမမြင်ရတော့မှ ကားဆီကိုသူပြန်လာခဲ့လိုက်ပါသည်။ကားနောက်ခန်းထဲဝင်ထိုင်လိုက်ပြီး ခုံပေါ်ကိုမှီလိုစဥ် ပါးပြင်ထက်ပူနွေးသွားမှု့ကိုလဲ သူ ဥပေက္ခာပြုထားလိုက်ပါသည်။========================
ဒီရက်ပိုင်းဦးသစ်ကိုကြည့်ရတာဆန်းစိတ်ထဲ တစ်မျိုးဖြစ်နေပါသည်။ကမ်းလှမ်းသမျှအလုပ်တိုင်းကို လက်ခံနေသည်။အရင်လိုနားရက်တောင်မယူတော့။
ဦးသစ်ကိုကြည့်ရင်း အရမ်းပင်ပန်းနေသလိုခံစားမိလာပါသည်။ခုလဲ အပြင်ကပြန်လာလာခြင်း ဝရံတာမှာ ဆေးလိပ်ထွက်သောက်နေလေသည်။ တော်ရုံဆိုဆေးလိပ်သောက်နေတာမှမဟုတ်တာ။ သိမ်းစရာရှိတာတွေသိမ်းပြီးဦးသစ်ဆီလျှောက်သွားလိုက်ပါသည်။
![](https://img.wattpad.com/cover/311343315-288-k285265.jpg)
YOU ARE READING
ရာဇဝင်တွင်မဲ့ အနမ်း
Romanceဤစာထဲမှာပါသောအကြောင်းအရာများသည် မိမိ၏ စိတ်ကူးအတွေးအမြင်များသာဖြစ်ပါသည်။ တူညီခဲ့သောအကြောင်းအရာများအမည်များ စာသားများပါခဲ့လျှင် တိုက်ဆိုင်မှု့သက်သက်သာဖြစ်ကြောင်းအနူးအညွန့်တောင်းပန်အပ်ပါသည်။ ပထမဦးဆုံးစရေးတဲ့သူအို့အမှားများလိုအပ်ချက်များပါရှိခဲ့ပါလျှင်...