ရာဇဝင်တွင်မဲ့အနမ်း part 18

467 8 0
                                    

အခန်း (၁၈)

ညက အိပ်နေရင်းချာတိတ်က လန့်နေတာမို့ စောင့်ကြည့်တာ မိုးလင်းခါနီးမှ မိုင်း အိပ်ပျော်သွားလေသည်။
အိပ်ရေးပျက်ထားပေမဲ့ နေရောင်ကိုကျင့်သားရနေတဲ့မျက်ဝန်းတို့က မိုးလင်းနေပြီးမှန်းသိလိုက်ပါသည်။ ဆက်အိပ်ချင်နေပင်မဲ့ ခေါင်းကိုက်နေပြီးမို့ ပြန်အိပ်မပျော် ရေချိုးရန်ဆုံးဖြတ်လိုက်ပြီး အိပ်ယာထဖို့ပြင်လိုက်ပါသည်။ မျက်လုံးတို့ဖွင့်ကြည့်လိုက်တော့ ရေချိုးထားလို့ထင်တယ် ဆံပင်ဖျားတို့မှာရေစက်တွေခိုတွဲနေတဲ့ ချာတိတ်က သူ့ဘေးနားလက်ထောက်ပြီးပြုံးကာထိုင်ကြည့်နေလေသည်။

"ဟင် ချာတိတ် နေလို့ကောင်းသွားပြီလား"

ညက အနည်းငယ် ကိုယ်နွေးနေတာကြောင့်စိတ်ပူစွာနဲ့ဆံပင်အောက်ကနဖူးကိုလက်နဲ့စမ်းလိုက်ပါသည်။
ကိုယ်အပူချိန်က ပုံမှန်ဖြစ်နေတော့မှသူစိတ်ချသွားပါသည်။

"အင်း ဦးသစ် ကိုယ်ငွေ့ကြောင့်သက်သာသွားပြီ"

သွားဖွေးဖွေးလေးတွေပေါ်တဲ့အထိ ရယ်ပြီးပြောနေတဲ့ ချာတိတ်ကိုကြည့်ပြီးအသဲယားစွာ ပါးဖောင်းဖောင်းလေးကို ညစ်လိုက်ပါသည်။

"အ ဦးသစ် နာတယ်"

"sorry ဥုံဖွက်ဥုံဖွက်" ပါးနှစ်ဖက်ကိုလက်ဝါးနဲ့ ညစ်လိုက်တော့ ရှေ့ကိုဆူထွက်လာတဲ့နှုစ်ခမ်းလေးကိုနမ်းလိုက်ပါသည်။

"ဒါက အနာသက်သာအောင်"

"အာ ဦးသစ် သွားလဲမတိုက်ရသေးပဲနဲ့"

"အရမ်းချစ်ဖို့ကောင်းနေလို့ စိတ်မထိန်းနိုင်တော့ဘူး"

ထိုင်နေတဲ့သူ့ကို ကုတင်ပေါ်တွန်းလှဲကာ အပေါ်ကစီးမိုးထားတာမို့ ဆန်းရင်တွေခုန်ရပြန်ပါသည်။ ချစ်ရိပ်တွေပြည့်နေတဲ့ မျက်ဝန်းညိုတို့ကိုအကြည့်လွှဲဖို့လဲစိတ်မကူးမိစွာ ပြန်ကြည့်နေမိခဲ့ပါသည်။ ထိုမျက်ဝန်းတွေနဲ့ရင်ဆိုင်မိတိုင်း အဆမတန်ခုန်လာတဲ့ ရင်ခုန်သံတို့ကိုမုန်းမိပါသည်။ ရင်ဘက်နှစ်ခုကထိစပ်နေတာမို့ ဦးသစ်သတိထားမိနိုင်ပါသည်။ နဖူးကိုနမ်းတယ်ပြီးတော့ပါးနှစ်ဖက် ပြီး တော့ နှာဖျားချွန်ချွန်လေး နှုတ်ခမ်းဆီကိုရောက်တော့ အနမ်းတို့ကမိနစ်ပိုင်းမျှကြာလေသည်။ နမ်းနေရင်မှ

ရာဇဝင်တွင်မဲ့ အနမ်းDove le storie prendono vita. Scoprilo ora