Part1

107K 5.6K 1.7K
                                    

Uni

" ဘာ!!! လက်ထပ်ကမယ် သူ..သူနဲ့လား..."

ငါ့ဘဝမှာတစ်ခါမှယောကျာ်းလေးတစ်ယောက်နဲ့ချက်ချင်းကြီးလက်ထပ်ကမယ်လို့တွေးတောင်မတွေးမိဘူး။အခုငါ့ကိုယောကျာ်းပေးစားဖို့ငါ့အဖေကိုယ်တိုင်ကကိုပြောနေတာ...အမလေးအမလေးခေါင်းတွေအောင့်ပြီးဗိုက်တွေမူးလိုက်တာ။

" မင်းယောကျာ်း သူ့နာမည်ကမုန်းမာန်မင်းမြတ်တဲ့...မင်းငါ့သားဆက်လုပ်ချင်သေးတယ်ဆိုငါ့သူငယ်ချင်းသူတော်လူကောင်းလူသန့်လူချောနဲ့လက်ထပ်....မဟုတ်ရင်ငါ့အဖေလို့လာမခေါ်နဲ့..."

ခေတ်ပြိုင်မျဥ်းသူ့ရှေ့ကပြုံးစိစိလုပ်နေသူကိုတစ်ချက်ကြည့်မိသည်။ကျက်သရေတုန်း ဒင်းကပျော်နိုင်သေးတယ်တဲ့လေ ရုပ်ကြည့်တော့အသက်ကသချိုင်းဖင်ဆောင့်နေပြီ ငါ့လိုနုနုထွပ်ထွပ်လေးကိုများပိုင်ဆိုင်ချင်သေးတယ်တဲ့လား...

ခေတ်ပြိုင်အကြံကုန်ထုတ်လို့မျက်ရည်တွေအားညစ်ထုတ်ကာဘေးကမာတာမိခင်ကိုလှမ်းဖက်ကပန်းနုသွေးလုပ်ရန်ပြင်လိုက်ရသည်။

" အီးဟီးးးး မာမီလုပ်ပါအုံး...သားမိန်းမဘဲလိုချင်ထာ...အီးဟီးးးး ဒါဘာကြီးလဲ သားကိုသေခံနီးလူကြီးနဲ့လက်ထပ်စေချင်တာလား..."

" အော်သားရယ်အမေတို့ကကောင်းစေချင်လို့ပါကွယ်...ဘာသေခံနီးလူကြီးလဲ မုန်းမာန်ကအမေတို့သူငယ်ချင်းအရင်းကြီး...အခုမှအသက်၃၀အစွန်းလေးဘဲရှိသေးတာ...ကြည့် နုဖတ်နေတာဘဲသားကတောင်ညီလေးခေါ်ရမှာ...."

" အူးဝါးးးးး ဘာကြီးလဲ မယူဘူးမယူဘူး "

" တော်တန်တိတ်ခေတ်ပြိုင်...မင်းငါ့သူငယ်ချင်းနဲ့လက်ထပ်ရမယ် မဟုတ်ရင်မင်းကျောင်းထွက် ပြီးရင်အမှိုက်သွားကောက်တော့...."

" အားးး အမေ ကူပြောပေးအုံးလေ သားကိုမချစ်တော့ဘူးလား..."

မုန်းမာန်တစ်ယောက်သူ့ရှေ့ကသူငယ်ချင်းနှစ်ယောက်နဲ့သူတို့ရဲ့သားလိမ်မာလေးအားကြည့်ကာပြုံးစိစိဖြင့်။ဇာတ်လမ်းကတော့ပြောရရင်ရှည်နေအုံးပါမယ်လေ....ကိုယ့်အတွက်အမြတ်ဆိုပေမဲ့ သူငယ်ချင်းထွန်းအောင်နဲ့သီတာအတွက်တော့အရှုံးပေါ့ အဟဲဟဲ...

သူငယ်ချင်းသမက် ( Completed ) Where stories live. Discover now