Part12

33.4K 2.3K 187
                                    

 Uni

  ခေတ်တစ်ယောက်အားလုံးနဲ့အတူကိတ်မုန့်စားပြီးကိတ်ပန်းကန်တွေကိုအမမီမီဆေးခိုင်းတာကြောင့်တစ်ယောက်ထဲဆေးနေရလေသည်။အကိုသစ်ကူးနဲ့မဂမုန်းကလာကူပေးမည်ဆိုပေမဲ့ခေတ်ငြင်းလွှတ်လိုက်သည်...မောင်နှမတွေမခုမှတွေ့ရတာစကားတွေပြောသင့်တယ်မှတ်လား။

" မင်းကအိမ်သူသက်ထားမှတ်လား!! "

" ဗျာ..."

နောက်ဘက်ကအသံကြောင့်လှည့်ကြည့်လိုက်တော့မမီမီဖြစ်နေတာကြောင့်ခေတ်အနည်းငယ်ကြောင်အမိသည်။

  မမီမီဟာသူ့နားကိုလျှောက်လာကာဆေးပြီးသားပန်းကန်တွေကိုအဝတ်စလေးဖြင့်သုတ်ပေးလို့။

" ဘယ်ယောကျာ်းမှအိမ်အလုပ်မလုပ်တတ်တဲ့သူကိုသဘောမကျဘူး..."

" ဒါပေမဲ့..."

" ငါ့မောင်မင်းကိုသိပ်ချစ်တာသိပါတယ်...ဒါပေမဲ့ယောကျာ်းဆိုတာကသူ့ချစ်ရသူလုပ်ကျွေးတဲ့ဟင်းလျာတွေကိုတော့စားချင်မှာပေါ့...မဟုတ်ရင်မင်းထက်ကောင်းတဲ့လူဆီရောက်သွားလိမ့်မယ်..."

  ခေတ်မမီမီအပြောကိုနားမလည်စွာခေါင်းလေးစောင်းမိတော့မမီမီကသူအားစိုက်ကြည့်လာကာ။

" မင်းငါ့ကိုစိတ်ဆိုးလား..."

" ဟမ် မဟုတ်တာကျွန်တော်မမီမီကိုစိတ်မဆိုးပါဘူး..."

" ငါကငါ့မောင်ကိုလူကောင်းတစ်ယောက်နဲ့ညားစေချင်တာ...မင်းလူကောင်းဆိုတာငါသိပါတယ် ဒါပေမဲ့ မင်းရဲ့တာဝန်အရမင်းတာဝန်တွေကိုလုပ်သင့်တယ်..."

  ဒီလိုဆိုတော့မမီမီဟာခေတ်ထင်ထားသလိုစိတ်မပုတ်ကြောင်းခေတ်တွေးမိသည်။အစကတော့သူ့ကိုပြဿနာရှာမည်ထင်ခဲ့ပေမဲ့အခုလာပြောတဲ့စကားတွေကိုသေချာနားထောင်ကြည့်မည်ဆိုသူ့ဘက်ကိုကောင်းအောင်ပြောပေးခြင်း။

" ငါ့အကြောင်းမင်းကိုမုန်းကဘာမှမပြောဘူးလား..."

" ဟင့်အင်း ဒါပေမဲ့မမီမီကစည်းကမ်းကြီးတယ်ဆိုဘဲ..."

  နောက်ဆုံးစကားလေးအားခပ်တိုးတိုးသာဆိုလာသူကြောင့်မုန်းမီမီပြုံးမိသည်။

သူငယ်ချင်းသမက် ( Completed ) Where stories live. Discover now