Uni
လရိပ်နဲ့ထူးသာတို့နှစ််ယောက်သူတို့ရှေ့ကဘဲနှုတ်သီးဖြစ်နေတဲ့ချစ်သူငယ်ချင်းအားစိုက်ကြည့်နေမိသည်။ကျောင်းလာကတည်းကMaskအုပ်လာလို့အားလုံးကသူ့ကိုရောဂါသည်တောင်ထင်နေတာလေ..လန့်တောင်လန့်တယ်။
" ဟီးးးကြည့်လို့အဆင်ပြေရဲ့လား.."
" မပြေဘူးဘဲနှုတ်သီးလိုဘဲ! "
" မပြေဘူးဘဲနှုတ်သီးလိုဘဲ! "
" ဟင့်..."
သူငယ်ချင်းနှစ်ယောက်ရဲ့စည်းစည်းလုံးလုံးထွက်လာတဲ့အဖြေကြောင့်ခေတ်နှာတစ်ချက်မှုတ်မိသည်။သူများကိုဖဲ့ရမယ်ဆိုဒီနှစ်ကောင်ရှေ့ဆုံးက...
" ဘာနဲ့တိုက်မိလာတာလဲ..."
" ရေချိုးခန်းကအုတ်ခုံနဲ့..."
ထူးသာအပြောကိုခေတ်ဗြောင်လိမ်လိုက်တော့မျက်လုံးကျင်းတွေဖြင့်မယုံစွာကြည့်လာလေသည့်ထူးသာ။
" သွားတွေဘာတွေမကျွတ်သွားဘူးလားအဲ့လောက်ယွတာ..."
" အေးလေအေးလေ..."
" နင်တို့ကလဲငါ့ကိုဆိုမကောင်းပြောဖို့ချည်းဘဲ...ဒါနဲ့ မနက်ဖြန်ကျအိမ်လာလည်ကြပါလားဟင်...ညနေဘက်ငါတို့အိမ်မှာစာစုလုပ်ရအောင်လေ..."
" အင်းကောင်းသားဘဲငါတို့လဲစာမေးပွဲနီးနေပြီမှတ်လား..."
" အင်းဒါဆိုငါတို့မနက်ဖြန်မင်းအိမ်လာခဲ့မယ်လေ "
သူငယ်ချင်းနှစ်ယောက်ကလက်ခံလာတာကြောင့်ခေတ်ခေါင်းသာငြိမ်လို့သုံးယောက်သားအတန်းတက်ရန်ထွက်လာလိုက်ကြသည်။
" မင်းတို့ရဲ့စုတ်တံကိုင်တဲ့လက်တွေကနူးညံ့နေပါစေ...အရောင်ကာလာကိုခွဲခြားနိုင်ဖို့လိုက်ဖက်အောင်ချယ်နိုင်ဖို့ရွေးချယ်ပါ...ပထမအဆင့်အနေနဲ့ဆရာတို့သင်ခန်းစာလေးစလိုက်ကြရအောင်..."
ပန်းချီအတန်းလာတက်ကြတဲ့မိန်းကလေးတွေဟာပြုံးဖြီးလို့အရှေ့ဆုံးမှာရှင်းပြနေသည့်သစ်ကူးအားငေးမောနေကြလို့။ထိုကိုမြင်တော့ခေတ်ခေါင်းသာခါမိလို့အကို့ကိုကြည့်မိတော့သူ့အားစိုက်ကြည့်နေတဲ့အကိုဖြင့်အကြည့်ချင်းဆုံသွားလေသည်။
YOU ARE READING
သူငယ်ချင်းသမက် ( Completed )
Romance( မုန်းမာန်မင်းမြတ် + ခေတ်ပြိုင်မျဥ်း ) "ဘုရားမှာနေကြာလှူခဲ့တယ်...နေကြာလိုလူကြီးနဲ့ကြာကြာနေနိုင်အောင်..." Start-17.10.2022 End - 8.11.2022