Uni
" ဒီနေ့ရဲ့သင်ခန်းစာကဒီလောက်ပါဘဲ အားလုံးနှုတ်ဆက်ပါတယ်..."
" မဂ်လာပါဆရာမ!!! "
အခန်းထဲကနေနှုတ်ဆက်ကာထွက်သွားသောဆရာမအားကျောင်းသားတွေနှုတ်ဆက်လို့အပြီးအတန်းချိန်တစ်ချိန်ကုန်ဆုံးသွားလေသည်။ခေတ်တစ်ယောက်နောက်ခုံကထူးသာဆီကိုနို့ဘူးလေးပေးလိုက်တော့နေကောင်းခါစထူးသာကပြုံးပြလာလေသည်။
" ကျေးဇူးဘဲ..."
" ငါနင့်အတွက်ဝယ်လာတာငါသောက်ကြည့်ပြီးပြီအရမ်းကောင်းတယ်သိလား..."
" အင်း...ဒါနဲ့နင့်ယောကျာ်းနဲ့ကောအဆင်ပြေရဲ့လား..."
" အေးငါလဲအဲ့တာဘဲမေးမလို့မေ့နေတာအဆင်ပြေရဲ့လားမင်းယောကျာ်းနဲ့..."
သူငယ်ချင်းနှစ်ယောက်ရဲ့အမေးကိုခေတ်ခေါင်းသာငြိမ့်ပြလိုက်ကာ..
" အဆင်ပြေပါတယ်ပြီးတော့ပန်းချီသင်တန်းကအချိန်ပိုင်းဆရာလေ...အဲ့တစ်ယောက်ကလူကြီးရဲ့တူလေးတဲ့...နင်တို့မတွေ့ကသေးဘူးမှတ်လား သူကအရမ်းချောတာဟဲ့..."
" အမလေးလင်ယောကျာ်းရဲ့တူအကြောင်းဖောက်သည်လာချနေတာပေါ့လေ...အတန်းကိုဆရာမအသစ်ရောက်လာမယ်ဆိုတာကောသိပြီးပြီလား..."
လရိပ်ရဲ့အပြောကိုခေတ်နဲ့ထူးသာတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကာမသိကြောင်းခေါင်းသာခါမိသည်။
" သူကသချာ်ဆရာမတဲ့ သူ့သားကဒီကျောင်းကKingလေ...သိတယ်မှတ်လားဟိုအကောင်လေ ကောင်းထက်ဆိုလားဘဲ...သူ့သားကြောင့်ဒီကျောင်းကိုရောက်လာတဲ့ ဆရာမကအရိုက်လဲကြမ်းတယ်တဲ့ နင်တို့နှစ်ကောင်သတိထား သချာ်ချိန်မှာအိပ်အိပ်နေကြတာ..."
သူငယ်ချင်းဖြစ်သူလရိပ်အပြောကြောင့်ခေတ်ကြောက်ပင်ကြောက်လာလေသည်။
" ပြီးတော့ရှိသေးတယ် သူကလက်စားတယ်ဆိုဘဲ...သူဌေးသားသမီးတွေကိုကပ်တာတဲ့.."
" ဟယ်ဘယ်လိုဆရာမလဲသူကငါတို့ကိုသင်မှာလား...ငါတို့တော့ပညာရှင်တွေဖြစ်ကုန်တော့မှာဘဲ..."
" အေးလေဟယ် ဒါပေမဲ့ငါတို့တာဝန်ကဆရာတွေသင်တာနာခံရမှာဘဲလေ...ငါတို့ဒီလိုပြောနေတော့ကောငရဲကြီးတာဘဲအဖက်တင်မှာ...ထားလိုက်တော့ "

VOCÊ ESTÁ LENDO
သူငယ်ချင်းသမက် ( Completed )
Romance( မုန်းမာန်မင်းမြတ် + ခေတ်ပြိုင်မျဥ်း ) "ဘုရားမှာနေကြာလှူခဲ့တယ်...နေကြာလိုလူကြီးနဲ့ကြာကြာနေနိုင်အောင်..." Start-17.10.2022 End - 8.11.2022