Part6

45.3K 2.2K 140
                                    

Uni

   ခေတ်တစ်ယောက်လူကြီးအိမ်ကဒရိုင်ဘာဦးလေးကြီးကားဖြင့်ကျောင်းကိုရောက်လာလေသည်။အရင်ကတော့လမ်းလျှောက်သွားမဟုတ်လဲစက်ဘီးနဲ့သွားပေမဲ့အခုဟာက ကားနဲ့မို့ကျောင်းဝန်းထဲကကျောင်းသားကျောင်းသူတစ်ချို့ကကားပေါ်ကဆင်းလာတဲ့ခေတ်အားကွက်ကြည့်ကွက်ကြည့်ဖြင့်သာ။

" ညနေကျလာကြိုမှာမို့စောင့်နေနော်သခင်လေးခေတ်!!! "

" ဟာတိုးတိုးလုပ်ပါဘကြီးရယ် သူများတွေကြားရင်ရှက်စရာကြီးရယ် သွားပြီသွားပြီ "

" အော် အေးအေး "

  ခေတ်တစ်ယောက်ဒရိုင်ဘာဘကြီးအားနှုတ်ဆက်လို့ကျောင်းထဲကိုဝင်လာလိုက်သည်။အတန်းထဲရောက်တော့သူငယ်ချင်းနှစ်ယောက်ကိုချက်ချင်းတွေ့တာကြောင့်လူကြီးအကြောင်းဖောက်သည်ချရန်ချက်ချင်းထိုနားကိုသွားလိုက်ပေမဲ့...

" ထူးသာ...ဘာ..ဘာလို့ငိုနေတာလဲ ဘာဖြစ်တာလဲငါ့ကိုပြောစမ်း "

   ဘေးကလရိပ်ကိုမေးတော့လဲသူလဲမသိဘူးဆိုပြီးခေါင်းသာခါပြလာသည်။သူကျောင်းမှာတစ်ရက်လောက်လေးမရှိတာနဲ့ဘာဖြစ်သွားတာလဲ အမြဲပျော်ပျော်နေတတ်တဲ့ထူးသာကအခုတော့အကြောင်းတစ်ခုခုကြောင့်အတွက်နဲ့ငိုနေတယ်တဲ့လေ။

" ထူးသာ...ပြောစမ်းဘာဖြစ်တာလဲလို့ "

" မ..မနက်ကငါ့ကောင်မလေးကိုတစ်ခြားကောင်တစ်ယောက်နဲ့ ဟင့် တွေ့ခဲ့တယ်..."

" ဟင် ဘ..ဘယ်လိုဖြစ်ရတာလဲထူးသာရဲ့ နင်အနားကိုသွားမကြည့်ခဲ့ဘူးလား..."

   လရိပ်အပြောကိုထူးသာကခေါင်းတစ်ခါခါဖြင့်။

" ငါသွားခဲ့တယ်အကြောင်းစုံလဲမေးခဲ့တယ်...ငါ့ကောင်မလေးကငါ့ကိုတကယ်မချစ်ဘူးတဲ့...ငါမှာတေယ့သူကိုအရမ်းချစ်ခဲ့လိုက်ရတာမှ အခုများတော့သူကအဲ့ကောင်နဲ့...ဟင့်ခိုးတွဲနေတာတဲ့ ငါမိသွားတော့ငါနဲ့လမ်းခွဲမယ်တဲ့..."

" သူဘယ်သူလဲထူးသာ...ငါကိုပြောငါသွားရှင်းပေးမယ်.."

" ဟင့်အင်းမလုပ်ပါနဲ့တော့ ငါကိုကမှားတာပါ...ဟုတ်လဲဟုတ်တာဘဲလေ ငါ့မှာငွေမရှိဘူး အချိန်ပိုင်းအလုပ်လုပ်ရတယ် အဲ့လိုလူကိုသူလုံးဝယူမှာလဲမဟုတ်ဘူး..."

သူငယ်ချင်းသမက် ( Completed ) Where stories live. Discover now