Uni
" ပါးပါးနောက်ဆုံးနေ့ရအောင်ဖြေခဲ့နော်..."
" ပါးပါး ဖိုက်တင်း "
ခေတ်တစ်ယောက်ကားပေါ်ကနေလှမ်းနှုတ်ဆက်တဲ့ကလေးနှစ်ယောက်နဲ့လူကြီးအားလက်ဝေ့ယမ်းကာနှုတ်ဆက်လို့နောက်ဆုံးဘာသာဖြေဖို့ကျောင်းထဲဝင်လာလိုက်သည်။ဒီနေ့ကစနေနေ့ဆိုပေမဲ့စာမေးပွဲကြောင့်မပိတ်ပေး။ကလေးတွေကတော့သူတို့ဒယ်ဒီဖြင့်ကုမဏီကိုသစ်ကူးအပါအဝင်လိုက်သွားကြလေသည်။အကိုသစ်ကူးပါတော့စိတ်ချရတယ်လေ..
" ဒယ်ဒီပါးပါးစာမေးပွဲပြီးရင်ဘယ်သွားကြမှာလဲယဲ..."
ဆိုင်းကနောက်ခုံကနေမတ်တပ်ရပ်ကာဆိုလာတာကြောင့်မုန်းမာန်ရယ်မောရင်းဖြေလိုက်သည်။
" ဒေါ်လေးမီမီတို့ရွာဘက်ကိုသွားကြမယ်လေ...အဲ့ဘက်မှာမင်းတို့ပါးပါးသိပ်ကြိုက်တဲ့နေကြာခင်းတွေရှိတယ်ကွ...ဒါနဲ့နွယ် သားကောဘာပန်းတွေကြိုက်လဲ..."
" သားကလီလီကြိုက်တာ..."
" ဆိုင်းကော..."
" သားကပန်းမကြိုက်ပါဘူး ယောကျာ်းတွေကပန်းကြိုက်လို့လား..."
ဆိုင်းရဲ့ရုတ်တရက်အပြောကြောင့်အနည်းငယ်ဝမ်းနည်းသွားပုံရတဲ့နွယ့်အားသစ်ကူးနောက်ကြည့်မှန်ကနေတွေ့လိုက်ရလေသည်။
" နွယ် ကိုကို့ဆီလာမလား...ညီလေးအဲ့မှာလွတ်လွတ်လပ်လပ်ဆော့ပလေ့စေ...လာကိုကို့ပေါင်ပေါ်.."
သစ်ကူးအပြောဆိုနှစ်ခါပြောစရာမလိုတဲ့နွယ်ဟာကားနောက်ခန်းကနေအရှေ့ခုံမှာထိုင်နေတဲ့သစ်ကူးဆီကိုကူးလာလေသည်။ကျောပေးမထိုင်ဘဲသစ်ကူးအားခွကာရင်ခွင်ထဲဝင်တိုးသူကြောင့်ဘေးကမုန်းမာန်ပင်ပြုံးမိသည်။
( ဘရားသားဝဍ်လည်ပြီ ကောင်းတယ်)
" ကိုကို..."
" အင်းပြောလေ..."
တိုးတိုးလေးခေါ်လာသူကြောင့်သစ်ကူးဘေးကဦးလေးမသိအောင်နွယ့်နားနားကပ်လို့တိုးတိုးလေးပြန်ဖြေလိုက်သည်။
" ဆိုင်းပြောတာအမှန်လားဟင်...."
" မဟုတ်တာ...ညီလေးကလျှောက်ပြောနေတတ်တာကိုသိရဲ့နဲ့ကွာ...ဝမ်းနည်းသွားတာလား..."

ESTÁS LEYENDO
သူငယ်ချင်းသမက် ( Completed )
Romance( မုန်းမာန်မင်းမြတ် + ခေတ်ပြိုင်မျဥ်း ) "ဘုရားမှာနေကြာလှူခဲ့တယ်...နေကြာလိုလူကြီးနဲ့ကြာကြာနေနိုင်အောင်..." Start-17.10.2022 End - 8.11.2022