Part14

33.5K 1.9K 171
                                    

Uni

ခေတ်တစ်ယောက်ညနေစာထမင်းစားပြီးသွားတော့ဧည့်ခန်းမှာမမီမီနဲ့အတူလက်ကောက်လုပ်နည်းလေးသင်နေလိုက်သည်။ရောင်စုံကြိုးလေးတွေကော အလှဆင်ကျောက် ပန်းပွင့်တွေရောစားပွဲခုံမှာပြည့်ကျပ်လို့။သစ်ကူးကောခေတ်ကောသူတို့ရှေ့ကမီမီပြတာကိုတစ်သွေမတိမ်းလိုက်ကြည့်ကာသင်ယူနေကြလေသည်။

" ဒီလိုပတ်ကတယ် ပြီးရင်မီးနဲ့နည်းနည်းရှို့ပေးလိုက် အဲ့တာဆိုအစသေးသေးလေးတွေကကျုံ့သွားပြီးတော့...ဒီလိုလေးဖြစ်သွားလိမ့်မယ်..."

  မမီမီကသူလုပ်ထားတဲ့လက်ကောက်လေးကိုခေတ်တို့ရှေ့ကိုမြှောက်ပြလာတာကြောင့်ခေတ်ကောသစ်ကူးကောတဝါးတဝါးဖြင့်။အဝါရောင်ကြိုးလေးကိုမှကျောက်အဖြူလေးတွေထုံးထားသည်ကားလှပလို့။

" မမီမီကတော်လိုက်တာ ခေတ်လဲလုပ်ကြည့်မယ်..."

" ကျွန်တော်လဲလုပ်ကြည့်မယ်ဒေါ်လေး..."

  နှစ်ယောက်သားလုပ်ချင်စိတ်တွေပြင်းပြနေတာကြောင့်မီမီနှစ်ယောက်လုံးကိုအသေးစိတ်သင်ပြပေးရန်ပြင်လိုက်သည်။သစ်ကူးကသင်ရတာလွယ်ပေမဲ့ခေတ်ကတော့မလွယ်လှ...ဟိုကိုပတ်ဆိုဒီကိုပတ် ဒီကိုထုံးဆိုဟိုကိုထုံးဖြင့်သာ။

ည၁၀ နာရီ....

  ခေတ်တစ်ယောင်ကြိုးစားပမ်းစားဖြင့်မမီမီသင်ပြထားသည့်အတိုင်းလုပ်ကြည့်နေတာည၁၀နာရီလောက်တောင်ရှိနေလေပြီ။အကိုသစ်ကူးနဲ့မမီမီကတော့သူတို့ထိုင်နေကြတဲ့နေရာမှာသာအိပ်ငိုက်နေကြလို့။

  သေချာလေးအာရုံစိုက်ကာခေတ်တစ်ယောက်နောက်ဆုံးအဆင့်ဖြစ်တဲ့ကြိုးအထုံးလေးကိုမီးခြစ်မီးဖြင့်အပီးသတ်ရန်လုပ်လိုက်သည်။အဆင့်တွေအများကြီးကျော်ဖြတ်လာပြီးတိုင်းဒီအဆင့်ရောက်ရင်မီးစွဲအားပြင်းတာနဲ့ပျက်ပျက်စီးသွားတာကြောင့်တစ်ခုမှမအောင်မြင်...

" ဟူးးးဒီတစ်ခုလေးတော့ရပါကွာ...ဖိုက်တင်း!! "

  ခေတ်ကိုယ့်ကိုကိုယ်အားပေးလို့နောက်ဆုံးအထုံးလေးအားကြည့်လို့ရှု့လို့ကောာင်းအောင်မီးနဲ့တို့ပြီးအပြီးသတ်ရန်ပြင်လိုက်သည်။ကြိုးကချည်သားနဲ့လုပ်ထားတာမို့မီးများရင်အလွယ်တကူပျက်စီးသွားတတ်လေသည်။

သူငယ်ချင်းသမက် ( Completed ) Where stories live. Discover now