Part9

33.8K 2.1K 264
                                    

 Uni

  ခေတ်တစ်ယောက်လက်တစ်ဖက်ကမြေခွေးရုပ်ကလေးအားပွေ့ဖက်ထားကာကျန်လက်တစ်ဖက်ကလူကြီးရဲ့လက်ဖဝါးကြီးကြီးကိုဆပ်ကိုင်ထားလို့ပွဲစျေးလမ်းထဲကိုပျော်ရွှင်စွာလူကြီးနဲ့အတူတူလျှောက်လာလိုက်သည်။

  တစ်ခါမှလူကြီးနဲ့ဒီလိုလျှောက်မလည်ဖူးသေးဘူး။ဒီနေ့မှလူကြီးကစေတနာတွေကောင်းနေလိုက်တာ...

" အရုပ်တွေအများကြီးထဲကမှဘာလို့မြေခွေးကိုယူတာလဲ ဝက်ဝံလေးတွေရှိရဲ့သားနဲ့ကို..."

" မြေခွေးကလူကြီးနဲ့တူလို့..."

" ကိုယ်နဲ့...ဘယ်နေရာကတူနေလို့လဲ "

" မြေခွေးတွေကဉာဏ်နီဉာဏ်နက်များတယ် လူကြီးလဲအဲ့လိုဘဲလေ သူများကိုအတင်းသိမ်းပိုက်ခဲ့တာ ဟွန့် "

  ကလေးငယ်ရဲ့အပြောကြောင့်မုန်းမာန်အသံထွက်အောင်ရယ်မိသည်အထိပင်။ကိုယ်တောင်အခုမှမြေခွေးနဲ့တူမှန်းသိသည်။

" ဒါကြောင့်ကိုယ်နဲ့တူတာကိုယူခဲ့တာပေါ့ ဖက်အိပ်ဖို့လား ကိုယ်ရှိနေတာဘဲကိုဘာလို့ဖက်အိပ်မှာလဲ..."

" လူကြီးကိုစိတ်ဆိုးရင်ဒီအရုပ်ကိုဖိညှစ်မလို့...လည်ပင်းကိုညှစ်ပစ် ခေါင်းကိုထု ခြေတွေလက်တွေကိုချိုးပစ်မှာ..."

" ဟက် အရုပ်အစားကိုယ်တောင်ကြောက်လာပြီကွာ...ဗိုက်ဆာနေပြီလားတစ်ခုခုစားကြမလား "

" ထမနဲစားကြရင်ကော..."

" အင်းကလေးစားချင်ရင်စားလေ.. "

  နှစ်ခွန်းပြောစရာမလိုအောင်ပင်လူကြီးဟာထမနဲဆိုင်ဆီကိုဆွဲခေါ်လို့ခေတ်အတွက်ထမနဲဝယ်ပေးလာသည်။ဒီလိုကျတော့လဲလူကြီးဟာတကယ့်ကိုချစ်စရာကောင်းလေသည်။

" ပင်လယ်ဓားပြစီးရအောင်လူကြီး....နော်နော် စီးမယ်နော်..."

" အင်းကလေးသဘော..."

" ချားစီးကြရအောင် မိုက်တယ်လူကြီးစီးမလား..."

" အင်းကလေးသဘော..."

" ရဟတ်စီးချင်တယ်....ဟိုဟာလဲစီးမယ်လူကြီး..."

  ခေတ်ရဲ့လက်ညိုးညွှန်ရာကိုဘာတစ်ခွန်းမှမပြောဘဲအင်းကလေးသဘောဟုသာပြောလို့ခေတ်ပျော်အောင်လိုက်လုပ်ပေးသူ။

သူငယ်ချင်းသမက် ( Completed ) Where stories live. Discover now