Part19

32K 1.7K 310
                                    

" လူကြီး...ဟ့..."

  ဆုပ်ကိုင်ထားသောလက်ကလေးကဖြေးညှင်းစွာလှုပ်ခတ်လာပြီးခေါ်သံယဲ့ယဲ့လေးပါကြားလိုက်ရတာမို့မုန်းမာန်အိပ်နေရာကိုနိုးလာလေသည်။

" ကလေး...နိုးလာပြီလားကိုယ်အရမ်းစိတ်ပူနေခဲ့တာ..."

" လူကြီး...ဟင့် သေသွားတော့မယ်တောင်ထင်ခဲ့တာ..."

  နိုးနိုးချင်းမျက်ရည်တွေဝဲလို့ဆိုလာသူလေးရဲ့ပါးပြင်ပေါ်ကမျက်ရည်တွေကိုမုန်းမာန်လက်အကြီးကြီးဖြင့်သုတ်ပေးလို့ပြုံးကာ။

" နောက်ဆိုကိုယ့်ကိုစိတ်ပူရအောင်မလုပ်ပါနဲ့ကလေးငယ်....ကိုယ်ရူးသွားရလိမ့်မယ်..."

" ဟင့် ကျွန်တော့်ကိုဘယ်လောက်ထိချစ်လဲ..."

" ယှဥ်ပြောစရာမရှိလောက်အောင်မင်းကိုချစ်တာပါကလေးငယ်...မင်းကိုအရမ်းချစ်လွန်းလို့ကိုယ်ရအောင်လက်ထပ်ခဲ့တာကိုကြည့်ရုံနဲ့သိနိုင်ပါတယ်.."

" ဟက်!! လူကြီးအပြုံးတွေထပ်မတွေ့ရတော့ဘူးတောင်ထင်နေတာ...အရမ်းချစ်တယ်နော်လူကြီး...ကျွန်တော့်နှလုံးသားတံခါးကိုလာခေါက်တဲ့အဖိုးကြီးကိုအရမ်းချစ်တယ်..."

"ဟားဟားး အသက်ကြီးပြီဆိုပေမဲ့ခါးကတော့ကောင်းတုန်းနော်..."

" အင်းးးဒဏ်ရာနဲ့မို့ပေါ့မဟုတ်ရင်ခင်များကိုပါးဆွဲရိုက်တာကြာပြီ..."

" ဟားဟားးး ချုပ်ရိုးတွေပြန်ပြေသွားပါအုံးမယ်ကွာ...."

အခန်းငယ်လေးဟာအခုမှရယ်သံတွေဖြင့်ပြည့်လာလို့။ညနေလောက်ကျတော့သားဆိုင်းကအမဂမုန်းဖြင့်သူ့ပါးပါးဆီကိုလာတွေ့ပြီးသစ်ကူးကောသားနွယ်ပါပါလာသည်။

" ပါးပါးကဒဏ်ရာကြီးနဲ့နော်ပြေးမဖက်ကြနဲ့.."

  မုန်းမာန်အပြောကိုခေါင်းလေးတွေငြိမ့်လာလို့သူတို့ပါးပါးရှိရာကုတင်ဆီကိုလျှောက်သွားတဲ့ကလေးနှစ်ယောက်။ခေတ်ကုတင်ပေါ်မှာလှဲနေရင်းဘေးကိုရောက်လာတဲ့သားလေးဆိုင်းရဲ့ခေါင်းလေးအားပွတ်သပ်ပေးလိုက်သည်။

" တော်သေးတာပေါ့သားလေးကဘေးကင်းကင်းနဲ့အိမ်မှာရှိနေခဲ့လို့...မဟုတ်ရင်ပါးပါးစိတ်ပူပြီးသေမှာ..."

သူငယ်ချင်းသမက် ( Completed ) Where stories live. Discover now