Uni
" ခေတ်ငါတို့ဒီမှာ..."
ကျောင်းရှေ့မှာစောင့်နေကြသောသူငယ်ချင်းနှစ်ယောက်ကလက်ယက်ခေါ်တာကြောင့်ခေတ်ထိုနေရာကိုပြေးသွားလိုက်သည်။ခေတ်ကအခုမှUniဒုတိယနှစ်သာရှိသေးတာမို့ကျောင်းမတက်ဘဲအလေလိုက်နေ၍မရ။
" ဘာဖြစ်တာလဲရုပ်က လဒမှိုင်လို့..."
အဖွဲ့ထဲကမိန်းကလေးဖြစ်သူသူငယ်ချင်းအိမ့်ထူးသာကအအေးသောက်ရင်းမေးလာတာကိုခေတ်သက်ပြင်းသာချမိသည်။သူ့သူငယ်ချင်းနှစ်ယောက်ကိုဘယ်လိုတောင်ပြောပြရပါ့မလဲနော်။
" ဟင်းးမပြောချင်ပါဘူးဟာ..."
" မပြောချင်လဲနေ လစ်မယ်..."
" ဟာနေပါအုံးဟာ အစလေးချီပါရစေအုံး ငါကမပြောရင်တောင်နင်တို့ကပြောပါဟယ်ဘာညာပြောအုံးလေဟာ..."
စိတ်မြန်လက်မြန်ရှိသောအိမ့်ထူးသာကထွက်သွားရန်ပြင်နေတာကြောင့်လွယ််အိတ်ကနေမနည်းလှမ်းဆွဲထားလိုက်ရသည်။တယ်အားကိုးရတဲ့သူငယ်ချင်းမပါလား...
" ဟင်းးးပြောပါဟယ် ဘာပြောမှာလဲ..."
" ဟို...ဟို..ငါ.... ငါလက်ထပ်ရတော့မယ်..."
" ဘာ!!လက်ထပ်ရတော့မယ် "
" ဘာ!!လက်ထပ်ရတော့မယ် "
" အိးးးး တိုးတိုးပြောကြပါဟ ငါ့ကိုဇောက်ရှက်ခွဲနေကြတာလား.."
အာကျယ်နှစ်ယောက်အသံကြောင့်ဘေးကဖြတ်သွားသောကျောင်းသူကျောင်းသားတွေကဝိုင်းကြည့်လာတာမို့ခေတ်အမြန်ဘဲတားလိုက်ရသည်။သေချင်ပါတယ် ငါ့နားကဘယ်လိုလူတွေနေနေတာလဲ...
" ကျောင်းလေးစနေတနဂ်နွေလေးပိတ်တာကို မဂ်လာဆောင်တော့မယ်တဲ့လား...ငါတို့ကိုသေချာရှင်းပြစမ်းခေတ်..."
" ဟုတ်တယ်ခေတ် ငါတို့ကိုသေချာရှင်းပြ..."
သူငယ်ချင်းနှစ်ယောက်စိုးရိမ်တကြီးမေးလာတာကြောင့်ခေတ်ဖြေရန်သာဆုံးဖြတ်ချက်ချလိုက်သည်။သုံးယောက်သားကန်တင်းရဲ့ထောင့်ကျတဲ့ဝိုင်းမှာထိုင်လို့ခေတ်ကသူငယ်ချင်းနှစ်ယောက်ရဲ့မျက်နှာချင်းဆိုင်အရှေ့မှာထိုင်လိုက်သည်။
YOU ARE READING
သူငယ်ချင်းသမက် ( Completed )
Romance( မုန်းမာန်မင်းမြတ် + ခေတ်ပြိုင်မျဥ်း ) "ဘုရားမှာနေကြာလှူခဲ့တယ်...နေကြာလိုလူကြီးနဲ့ကြာကြာနေနိုင်အောင်..." Start-17.10.2022 End - 8.11.2022