Part4🔞🔞

82.9K 3.4K 923
                                    

Uni

" အဲ့ပန်းစည်းနှစ်ခုကိုထောင့်တွေမှာထားလိုက်..."

" အချိုပွဲတွေကော..."

" သေချာလေးကိုင်ပါအဲ့တာကို.."

အချိန်တွေဟာမြန်ဆန်လို့မဂ်လာဆောင်ရမဲ့နေ့တောင်ရောက်လာလေပြီ။ကြည့်ရတာအချိန်ကခေတ်အားဇွတ်မဂ်လာဆောင်ခိုင်းချင်နေသည့်ပုံပါပင်။ခန်းမဆောင်မှာရှိတဲ့အလုပ်သမားတွေဟာအလုပ်တွေရှုပ်နေလို့မကြာခင်ကျင်းပတော့မဲ့မဂ်လာပွဲကိုစီစဥ်နေလေသည်။

မုန်းမာန်ကတော့ကိုယ့်ကိုကိုယ်မပြင်ဆင်အားသေးဘဲ ခန်းမကိုထောင့်တစ်နေရာကနေသေချာလေးကြည့်ကာသဘောကျနေလေသည်။

" သူဌေး အဝတ်အစားမလဲသေးဘူးလားဗျ..."

" ဟင့်အင်း...ငါကိုယ်ငါအိမ်မက်မက်နေတယ်လို့ထင်နေတုန်းဘဲ ငါ့ဘဝမှာဒီအချိန်ကအပျော်ဆုံးဖြစ်လာတော့မယ်ထင်တယ်..."

  ပြုံးရယ်နေတဲ့သူဌေးအားကြည့်ကာအတွင်းရေးမှူဇော်လင်းလဲဝမ်းသာမိသည်။သူဌေးရဲ့သတို့သားကိုလဲကျေးဇူးတင်မိတာအမှန်ပင်။သူဌေးကအရင်ကနဲ့မတူဘဲအခုကာလာအတွင်းပြုံးရယ်နေတာ...သူဌေးရဲ့သတို့သားလေးကနတ်ဘုရားလေးများလားနော်။

" သတို့သားမျက်လုံးလေးမှိတ်ပါနော် ပိုတောက်အောင်အညိုရောင်လေးချယ်ပေးမလို့ပါ.."

" ဟုတ်ကဲ့..."

   ခေတ်တစ်ယောက်မိတ်ကပ်ဆရာမအပြောကြောင့်မျက်လုံးလေးအားမှိတ်ပေးလိုက်သည်။အစောကြီးမိတ်ကပ်ဆရာမကရောက်လာတာကြောင့်အဝတ်အစားမဝတ်ခင်မိတ်ကပ်ကိုသာအရင်ချယ်လိုက်သည်။တစ်ခြားသတို့သမီးအရံသတို့သားအရံတွေကိုလဲချယ်သပေးရန်ဟိုလူကြီးကမိတ်ကပ်ဆရာတွေကိုခေါ်ထားပေးလေသည်။

" ရပါပြီ ကြည့်ပါအုံး နတ်သူငယ်လေးများလားနော်..."

  မိတ်ကပ်ဆရာမအပြောကြောင့်ခေတ်အရှေ့ကမှန်ကိုတစ်ချက်ကြည့်မိသည်။မှန်မှာပေါ်နေသောကိုယ့်မျက်နှာကိုကြည့်ရင်းစိတ်ထဲဝမ်းနည်းစိတ်တို့ဟာဝင်လာလို့မျက်ရည်တွေပင်ဝဲတက်လာသည်။သူအချစ်အတွက်အချိန်နည်းနည်းလေးတောင်မယူလိုက်မိဘူး။အချစ်ကဘာလဲဘယ်လိုဖြစ်တည်လာတာလဲဆိုတာမသိလိုက်တဲ့အထိဘဲ။

သူငယ်ချင်းသမက် ( Completed ) Where stories live. Discover now