Part7

36.2K 2.2K 221
                                    

Uni

" လူကြီးသိလား ထူးသာအသဲကွဲနေလို့...သနားပါတယ် ထူးသာကဒီလောက်ချစ်တာကိုဘာလို့ဟိုမိန်းကလေးကထားသွားရတာလဲမသိဘူး..."

  စာရေးခုံမှာအိမ်စာတွေလုပ်နေရင်းခေတ်တစ််ယောက်နောက်ကျောဘက်ကဆိုဖာပေါ်မှာလုပ်ငန်းအလုပ်တွေလုပ်နေသောလူကြီးအားသမင်လည်ပြန်လှည့်ကာပြောလိုက်သည်။

  မုန်းမာန်ကတော့ခေတ်အပြောကြောင့်တစ်ချက်တွေဝေသွားပြီးခပ်ဟဟရယ်လို့။

" တကယ်ချစ််ရတဲ့လူတွေကအနာကျင်ရဆုံးပါ...ထားသွားတဲ့လူကတော့ဘာခံစားချက်မှမရှိပေမဲ့ကျန်ခဲ့လူတိုင်းကတော့နာကျင်ရတာကြီးပါဘဲ..."

" ......ကျွန်တော်လဲကြောက်တယ်..."

" ဘာကိုလဲ.. "

" တစ်စုံတစ်ယောက်ကကျွန်တော့်ကိုထားသွားမှာကို..."

  ကိုယ်ကသာကြောက်နေရမှာပါကွာလို့ပြောလိုက်ချင်ပေမဲ့လဲမုန်းမာန်တစ်ယောက်တိတ်တိတ်လေးသာနှုတ်ဆိတ်နေမိသည်။သစ်ကူးပြောတဲ့အမှန်တရားတွေဟာအိပ်ချိန်ရောက်တဲ့အထိမုန်းမာန်ရဲ့ဦးနှောက်ကိုလှုံ့ဆော်နေတယ်။အတွေးတွေကလဲကလေးသာသူ့ဆီကနေထွက်သွားခဲ့ရင်ဆိုတဲ့အတွေးတွေဖြင့်သာ။

   ကိုယ့်ဘေးနားမှာမင်းကိုထားချင်ပါတယ်ကလေးငယ်...ဘာမှမလိုပါဘူး မင်းလေးဖြစ်ဖို့ပါဘဲ။

  ည၂နာရီလောက်မှာမုန်းမာန်တစ်ယောက်ဆိုဖာပေါ်မှာအလုပ်နေရင်းမိုက်ခနဲဖြစ်သွားလေသည်။အိပ်ရေးကမဝသလိုလိုနဲ့မိုးလင်းနေပြီဆိုတာကိုသိတာကြောင့်ကိုယ်အားအနည်းငယ်လှုပ်ရှားကြည့်လိုက်တော့သူ့ကိုယ်ပေါ်မှာတစ်ခုခုဖိထားသလိုခံစားနေရလေသည်။

" အင်း..."

  ညဥ်းသံလေးတစ်ခုကနားထဲကိုရောက်လာမို့မုန်းမာန်မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့သူ့ကိုယ်ပေါ်မှာမှောက်ယက်လေးအိပ်ကာသူ့အားဖက်ထားသူလေး။မနက်ခင်းလေးက ကလေးငယ်ရဲ့မျက်နှာလေးကိုမြင်လိုက်ရရင်ကျက်သရေရှိနေတာမျိုး။

  ယောကျာ်း​ဖြစ်သူကိုယ်ပေါ်မှာဖားကလေးလိုကပ််ကာထပ်အိပ်နေသူလေးရဲ့မျက်နှာငယ်လေးကိုမုန်းမာန်တစ်ယောက်စူးစိုက်ကာသေချာကြည့်မိသည်။မျက်နှာခပ်ဝိုင်းဝိုင်းလေးဟာနူးညံ့လှတဲ့ပါးဖောင်းဖောင်းလေးတွေကြောင့်ပိုပြီးထင်ရှားလေသည်။မျက်တောင်ရှည်ရှည်လေးတွေကား မိန်းကလေးတွေလိုအတုတပ်စရာမလိုလောက်အောင်ပင်လှပစွာကော့စင်းနေလေသည်။နှာခေါင်းလုံးလုံး နှုတ်ခမ်းဖူးဖူးလေးဟာမုန်းမာန်ရဲ့သဘောအကျဆုံးအစိတ်အပိုင်းလေးတစ်ခု။စိုက်ကြည့်နေရင်းရုတ်တရက်မုန်းမာန်တစ်ယောက်တစ်ခုခုဖြစ်လာတာကြောင့်ထထိုင်လိုက်တော့...

သူငယ်ချင်းသမက် ( Completed ) Where stories live. Discover now