Part3

64.8K 3.4K 390
                                    

Uni

ခေတ်တစ်ယောက်သူ့ရှေ့ကနေသူ့ကိုတစ်စိမ့်စိမ့်ကြည့်နေသူကြောင့်ငိုပင်ငိုချင်လာသည်။မဂ်လာပွဲကိုလက်ခံလိုက်ရတာကြောင့်ထိုလူနှင့်ခေတ်နှစ်ဦးတည်းဆွေးနွေးစရာရှိတာဆွေးနွေးရန်ခေါ်လိုက်သည်ကိုလူကိုလာကြည့်နေလိုက်တာစားတော့မယ်အတိုင်း။

" ဒီမှာ လိ့မို့ကြည့်နေတာလား စားနေရတာမျိုမကြဘူး..."

" ဟက်!! ဖြစ်နိုင်ရင်ကိုယ့်မျက်လုံးပွင့်လာတဲ့အချိန်မင်းကိုမြင်ပြီးအိပ်ဖို့မှိတ်သွားတဲ့အခါထိမင်းကိုဘဲစိုက်ကြည့်နေချင်တာ..."

" ကန်းလဲကန်းသွားအုံးမယ်...ကျွန်တော်ခင်ဗျားကိုခေါ်တာဆွေးနွေးစရာရှိလို့ ကျွန်တော့်ကိုထိုင်ငေးခိုင်းဖို့မဟုတ်ဘူး..."

  ခေတ်အပြောကိုဘာမှမပြောဘဲခေါင်းသာငြိမ့်ပြလာပြီးသူ့ရှေ့ကလက်ဖက်ရည်ခွက်ကိုသာကောက်ကိုင်ကာလက်ဖက်ရည်သောက်နေသူ။

" ကျွန်တော်မဂ်လာပွဲကိုလက်ခံလိုက်ရတာက ကျွန်တော့်မိဘတွေကခင်ဗျားနဲ့အတင်းယူခိုင်းနေလို့ ခင်ဗျားနဲ့မှသဘောတူလို့...အဲ့အတွက်ကြောင့်ကျွန်တော့်မိဘတွေပျော်ပါစေဆိုပြီးလက်ခံလိုက်ရတာ...ခင်ဗျားကိုချစ်လို့လုံးဝလုံးဝမဟုတ်ဘူး....ပြီးတော့တစ်ခုတောင်းဆိုချင်တာရှိသေးတယ်...ဒီမဂ်လာပွဲမှာကျွန်တော့်စိတ်သဘောတစ်ခုမှမပါတာကြောင့်ကျွန်တော်မပျော်တဲ့အခါ ကျွန်တော်ကွာရှင်းမယ်ဆိုလက်မှတ်ထိုးပေးပါ..."

  ခေတ်စကားအပြောအဆုံးလက်ဖက်ရည်သောက်ရင်းမျက်မှောင်ကျုံ့သွားသူကြောင့်ကျောရိုးတစ်လျှောက်ကြက်သီးမွှေးညှင်းတွေဟာစီးဝင်သွားလို့။သူဒီလိုအပြုအမူမျိုးတစ်ခါမှမလုပ်ဘူး....စိတ်ဆိုးသွားတာများလား အဲ့တာဆိုရင်မတက်နိုင်ဘူး။

" ကိုယ်ဒီအချက်ကိုတော့သဘောမကျဘူး ချစ်လို့လက်ထပ်မှာလေ ကွာရှင်းဖို့လက်ထပ်မှာမှမဟုတ်တာ..."

" ခင်ဗျား!!!....ဒါကခင်ဗျားသမိုင်းပါ ကျွန်တော်ကခင်များကိုပြောပြထားတာ..."

" ကိုယ်တို့ဒီလိုအချိန်မှာဒါတွေမပြောဘဲမဂ်လာရှိတဲ့အကြောင်းဘဲပြောကြရအောင်...တစ်ယောက်အကြောင်းတစ်ယောက်ပေါ့..."

သူငယ်ချင်းသမက် ( Completed ) Where stories live. Discover now