Part18

28.7K 1.8K 246
                                    

Uni

" သားကိုလွှတ်ပေး အစ်..."

  နွယ်တစ်ယောက်သူ့အားဖိညှစ်ကာအပေါ်ထပ်တစ်နေရာရာကိုခေါ်လာသူကြောင့်ရုန်းကန်နေမိသည်။အနည်းငယ်မြင့်တဲ့အပေါ်အရောက်နွယ့်အားဘာအကာအရာမှမရှိတဲ့အစွန်းနားကိုခေါ်သွားကာအနောက်ကနေချုပ်ထားလို့။

" ဟင့်...တောင်းပန်ပါတယ် နွယ့်ကိုလွှတ်ပေးပါ..."

" အောက်ကိုကြည့်စမ်း ပြုတ်ကျတာနဲ့နင့်လိုကလေးမျိုးသေနိုင်တဲ့အနေအထားဘဲ.."

  နွယ်မျက်လုံးတွေဟာအောက်ကိုငုံ့ကြည့်မိတဲ့အခါမှမြင့်မားလှတဲ့အမြင့်ကြောင့်ဒူးတွေပင်တုန်လာလေသည်။လွတ်အောင်ရုန်းမိတာနဲ့ပြုတ်ကျမယ်ဆိုတာသိတာမို့နွယ်တစ်ယောက်မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျရုံသာတက်နိုင်လေသည်။

" နွယ်!! "

  မျက်စိစုံမှိတ်ကာအရာရာကိုမ​ကြောက်အောင်ဖြေဖျောက်နေရင်းကြားလိုက်ရတဲ့အသံကြောင့်မျက်စိစုံဖွင့်ကြည့်မိတော့ဂိုဒေါင်ထဲကိုပြေးဝင်လာတဲ့ကိုကို။အပေါ်ထပ်ရဲ့အစွန်းမှာရောက်နေတဲ့သူ့အားမြင်တော့မျက်မှောင်တွေကျုံ့သွားတဲ့ကိုကို...

" ဟင့် အီးဟီးး ကိုကို..."

" နွယ်ဘာမှမကြောက်နဲ့နော်...ကိုကိုရှိတယ်..."

" ကိုကိုရှိတာလား စမ်းကြည့်ရအောင်ဒါဆို..."

  ပြောရင်းနွယ်အားအရှေ့ကိုတွန်းချမလိုလုပ်သူကြောင့်အစွန်းအဖျားအားနွယ်ရအောင်တွယ်ကပ်ထားမိသည်။အောက်ကကိုကိုကတော့သူပြုတ်ကျလာမှာကိုလာစိတ်ပူတကြီးဖြင့်...

" မင်းမသေခင်သူ့ကိုလွှတ်လိုက်တာကောင်းမယ်နော်...."

  အခြေအနေအပြောင်းအလဲတစ်ခုအဆုံးယွန်းစံရဲ့နားထင်နားကိုရောက်လာတဲ့သေနတ်နှစ်ခု။ယွန်းစံကြည့်မိတော့မျက်မှောင်တွေကျုံ့မိသွားသည်။ဒီလူတွေကမုန်းရဲ့လူတွေဘဲ...

" ဟက် ဟိုအောက်ကကောင်လေး သူတို့ကငါ့ကိုသတ်မလို့တဲ့ သတ်လေငါသေတာနဲ့ဒီကလေးလဲအောက်ပြုတ်ကျပြီ.."

" အီးဟီးးး မလုပ်ပါနဲ့ အင့် "

" နွယ်...နွယ်ကိုယ့်ကိုကြည့်..."

သူငယ်ချင်းသမက် ( Completed ) Where stories live. Discover now