Part11

34.7K 2K 222
                                    

Uni

" နေကြာပန်းကိုဘုရားမှာလှူခဲ့တယ်...နေကြာလိုလူကြီးနဲ့အတူကြာကြာနေနိုင်အောင်...."

" ခေတ် ဒီကိုလာ ဒီမှာငါးတွေရှိတယ်....အာ မပြေးလာနဲ့လေ ချော်လဲမယ်..."

  ခိုစာတွေကျွေးနေသူလေးကိုလက်ယက်ခေါ်လိုက်တော့သူ့ဆီကိုပြေးလာလေသူလေးကြောင့်မုန်းမာန်ချော်လဲမှာစိုး၍လှမ်းတားမိသည်။ပုဆိုးကအနည်းငယ်ရှည်နေသည်ကြောင့်တက်နင်းမိပြီးချော်လဲမှာလဲစိုးရသေးသည်။

" ဟီးးးဘယ်မှာလဲ ဘယ်မှာလဲ..."

" ဟင်းးအဲ့လိုခနခနပြေးမလာနဲ့ ကလေးအဲ့လိုပြေးလာရင်ကလေးဘေးကနတ်ဆိုးကြီးက ကလေးကိုတွန်းလိုက်လိမ့်မယ် အာ့ဆိုကလေးချော်လဲသွားမှာ..."

" နတ်ဆိုး အဲ့တာကတကယ်ရှိလို့လား "

  မုန်းမာန်အပြောကိုမျက်လုံးခပ်ဝိုင်းဝိုင်းလေးတွေဖြင့်ခေါင်းလေးအားစောင်းကာမေးလာသည့်ကလေးငယ်ဟာ၁၂နှစ်သားလေးအတိုင်း။

" ကလေးဘေးမှာနတ်ဆိုးနဲ့နတ်ကောင်းဆိုပြီးရှိတယ်လေကွာ...နတ်ကောင်းက ကလေးကိုဂရုစိုက်တယ် နတ်ဆိုးက ကလေးကိုနာကျင်အောင်လုပ်မှာ...ဟောအခုကလေးပြေးလာလို့မတော်အဲ့နတ်ဆိုးကြီးကတွန်းလိုက်ရင်ဘယ်လိုလုပ်မလဲ ကလေးဘဲချော်လဲပြီးနာမှာ.."

" လူကြီးက ကလေးကလားတွေကိုယုံတာလား...နတ်ဘုရားဆိုတာတကယ်ရှိလို့လား "

" တကယ်ရှိတာပေါ့ကလေးလေးရဲ့..."

" ဘယ်မှာလဲ အဲ့နတ်ဘုရားကိုဖမ်းပေးဖမ်းပေး!! "

  ယောကျာ်းဖြစ်သူကဘာမဆိုဖြစ်အောင်လုပ်ပေးတော့နတ်ဘုရားကိုတောင်ဖမ်းခိုင်းတဲ့ကလေးငယ်။

" နတ်ဘုရားလေးက ကိုယ့်ရဲ့ရှေ့မှာလေ....မင်းကကိုယ့်ဘဝရဲ့နတ်ဘုရားပါ မင်းကိုကိုယ်ကဖမ်းခဲ့တာမဟုတ်ဘဲ ..."
ကိုယ်ကသာမင်းဆီမှာအညံ့ခံလို့အရှုံးပေးခဲ့တာပါ "

  အဟုတ်မှတ်လို့နားထောင်နေတာကို ခေတ်လူကြီးအပြောတွေကြောင့်ပါးလေးတွေပင်နီရဲလို့ရှက်ပင်ရှက်လာလေသည်။

သူငယ်ချင်းသမက် ( Completed ) Where stories live. Discover now