Part10

37.5K 2.2K 419
                                    

" ဟင့် အီးဟီးးး ဟင့် "

" ကလေးငယ်ရာမငိုပါနဲ့ အရမ်းနာနေလို့လား "

    မုန်းမာန်ပြဿနာတွေကိုရှင်းအပြီးကလေးငယ်ရှိတဲ့ကားဆီကိုအမြန်သွားလို့ကလေးငယ်အားဆက်မငိုရန်ချော့မြူရလေသည်။အသားဖြူသူမို့ပါးရိုက်ခံလိုက်ရတဲ့အရှိန်ကြောင့်နီရဲနေကာသွေးလေးတွေစို့လို့။တစ်ချက်ကြည့်လိုက်တိုင်းအဲ့လူတွေကိုသတ်ပစ်ဖို့မုန်းမာန်အားအမိန့်ပေးနေသလိုပင်။

" အီးဟီးးး ကျွန်တော့်အမေတောင်...အင့် အဲ့လိုမရိုက်ဘူး...အီးဟီးးး လူကြီးကျွန်တော်မမှားဘူးဆိုတာယုံတယ်မှတ်လား "

" ယုံတာပေါ့ကွာ ကလေးငယ်ဘာလုပ်လုပ်ကိုယ်ယုံတယ်...အခုလိုလုပ်လိုက်တာလဲမှန်တယ် မပူနဲ့အရာအားလုံးကိုကိုယ်ဖြေရှင်းပေးမှာမို့မငိုပါနဲ့တော့ကွာ..."

" အင့် အီးဟီးးး "

   မုန်းမာန်အပြောဆုံးတော့မငိုအောင်နှုတ်ခမ်းလေးကိုဖိကိုက်ထားသူလေးကိုကြည့်ကာမုန်းမာန်သက်ပြင်းသာချမိသည်။မကြာခင်မှာဘဲအိမ်ကိုပြန်ရောက်လာတော့ဧည့်ခန်းထဲမှာထိုင်ကာစာရေးနေတဲ့သစ်ကူးဟာငိုယိုလာတဲ့ခေတ်အားတွေ့သည်နှင့်သူတို့အနားကိုပြေးလာလေသည်။

" ခေတ်ဘာဖြစ်လာတာလဲ..."

" ကျောင်းမှာပြဿနာနည်းနည်းဖြစ်လာတာ ဆေးဘူးအမြန်သွားယူ..."

   ဒီအချိန်မှာမုန်းမာန်သစ်ကူးအားကလေးငယ်ဘေးကနေခပ်ခွာခွာနေဖို့လဲပြောဖို့မအား။ဆေးဘူးအားအမြန်သွားယူလိုက်ခိုင်းကာ ကလေးငယ်အားဆိုဖာပေါ်မှာထိုင်စေလိုက်သည်။အငိုတိတ်သွားပေမဲ့လဲတအင့်အင့်ဖြစ်နေသည့်ကလေးငယ်ဟာသနားစရာအတိ။

" အယ်မုန်း ကလေးကဘာဖြစ်လာတာလဲ သွေးတွေလဲထွက်လို့ ခေတ်လေးရရဲ့လား "

  စျေးခြင်းတောင်းကြီးအားအိမ်ဝမှာချကာချက်ချင်းလေတ်ဘေးကိုပြေးလာကာဒဏ်ရာလေးတွေကိုခပ်ဖွဖွကိုင်လို့စိတ်ပူတကြီးမေးသည့်အမ။ခေတ်ဟာလဲထိုမှနှုတ်ခမ်းလေးတွေတဆက်ဆက်တုန်ကာမျက်ရည်တွေစီးကျလာလေသည်...အကြာကြီးချော့ခဲ့ရတာကိုအခုတော့ငိုပြန်ပြီ။

သူငယ်ချင်းသမက် ( Completed ) Where stories live. Discover now