မုန်းမာန်တစ်ယောက်ကလေးငယ်ရဲ့ချစ်ကြောင်းဖွင့်ဟခံလိုက်ရတာမို့ည၁၂ရှိနေပြီဖြစ်တာတောင်အိပ်မပျော်။ဘေးကကလေးငယ်ကတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေပေမဲ့ ရင်တွေခုန်ပြီးပျော်မြူးနေတဲ့မုန်းမာန်ကတော့အိပ်၍ပင်မပျော်။
ဒါကြောင့်ခြံထဲမှာလေညှင််းထွက်ခံရန်မုန်းမာန်အိမ်ထဲကနေထွက်လာလိုက်သည်။ထွက်လာလိုက်တော့ခြံထဲကဒန်းပေါ်မှာစိတ်ပျက်ပျက်နဲ့ထိုင်နေတဲ့တူဖြစ်သူအားတွေ့လိုက်ရလေသည်။" မအိပ်ဘူးလား..."
" ဟမ်!! အဲ့တာကဦးလေးကိုမေးရမှာပါနော်...ဘာလို့မအိပ်သေးတာလဲ..."
" အိပ်မပျော်လို့ပေါ့ကွာ..."
မုန်းမာန်အနည်းငယ်တိတ်ဆိတ်သွားတဲ့တူဖြစ်သူဘေးနားကိုဝင်ထိုင်လိုက်ကာသစ်ကူးငေးကြည့်နေတဲ့လမင်းအားလိုက်ငေးကြည့်မိသည်။ထိုစဥ်သစ်ကူးဘက်ကနေစလာတဲ့စကားတစ်ခု...
" ကျွန်တော်ခေတ်ကိုညီလေးတစ်ယောက်လိုကလွဲပြီးဘာမှမပိုခဲ့ပါဘူး...ဦးလေးသိလားကျွန်တော်နိုင်ငံခြားကပြန်လာတယ်ဆိုတာဟိုမှာဒဏ်ရာတွေရှိခဲ့လို့...ကျွန်တော့်လိုခေတ်ကိုမဖြစ်စေချင်ဘူးလေ....အဲ့တုန်းကကျွန်တော့်ကိုကောင်လေးတစ်ယောက်သဘောကျခဲ့တယ်...ကြာနေပြီဆိုပေမဲ့လဲ...ပြန်စဥ်းစားတိုင်းနာကျင်ရတယ်...
သူကကျွန်တော့်ကိုလိုက်ခဲ့ပေမဲ့ကျွန်တော်သူ့ကိုတစ်စက်ကလေးမှသဘောမကျခဲ့ဘူး...ကျွန်တော့်သူ့ကိုသူငယ်ချင်းတစ်ယောက်လိုဘဲခင်ခဲ့တယ်...သူကသာအသည်းအသန်လိုက်နေတာကျွန်တော်ကတော့သူ့ကိုလျစ်လျူရှုခဲ့တယ်လေ...နောက်ပိုင်းမှာသိလိုက်ရတာက ကျွန်တော်သူ့ကိုမငြင်းခဲ့မိဘူးဆိုတာဘဲ..သူ့အချိန်တွေကကျွန်တော့်ဆီမှာဘဲကုန်ဆုံးခဲ့တာ...ပြီးတော့ သူလက်လျော့ပြီးတစ်ခြားကျောင်းကိုပြောင်းသွားခဲ့တယ်...
ကျွန်တော့်စိတ်ထဲမှာအခုထိသူ့ကိုအားနာမိနေတုန်း...ကျွန်တော်သူ့ကိုတောင်းပန်ချင်မိတယ်...ကျွန်တော့်ကြောင့်သူ့ရဲ့အချိန်တွေကော..တစ်ခြားလူကိုလိုက်ရှာဖို့အတွက်ပါကုန်ဆုံးခဲ့တယ်...ကျွန်တော့်နှလုံးသာကိုနားမလည်ခဲ့ဘူး..."
YOU ARE READING
သူငယ်ချင်းသမက် ( Completed )
Romance( မုန်းမာန်မင်းမြတ် + ခေတ်ပြိုင်မျဥ်း ) "ဘုရားမှာနေကြာလှူခဲ့တယ်...နေကြာလိုလူကြီးနဲ့ကြာကြာနေနိုင်အောင်..." Start-17.10.2022 End - 8.11.2022