တိပ်ဝါကိုမညီမညာစွဲစုကပ်ထားသော ပြတင်းဝမှနေခြည်ပေါက်တို့က အစပျော်စရာ။ကော်ဖီခါးတခွက်ထဲမှရေခဲတုံးတို့အရွယ်စားသေးသေးလာသည်အထိ ပြုံးစရာ။
*စာမူကိုလက်ခံလိုက်ပြီး ဇာတ်ညွှန်းအကူရေးဖို့စာချုပ်ချုပ်ချင်သည်တဲ့လေ
ဒီထက်ပိုထူးကဲလင်းဖြာတဲ့ မနက်ခင်းဟာရှိပါဦးမတဲ့လား
ဆော့ဂျင်ဧည့်ခန်းထဲဝင်တော့ဟိုဆော့က စာရွက်စာတမ်းတို့နှင့်အလုပ်ရှုပ်နေတော့သည် ။
လက်ထဲတွင်လည်း သူ့လက်စွဲတော်ကင်မရာတလုံးက ဝင့်ထည်ထည်နေရာယူသည်"ဟာ ဆော့ဂျင် အတော်ပဲ ဒါကိုကြည့် ဒါမင်းမလား"
ဟိုဆော့ဖုန်းစခွင်ပေါ်မှထိုစာတချို့နှင့်ပုံဝေဝါးတို့...
ဆော့ဂျင်အတော်ပင်ခေါင်းခဲသွားရတော့၏
စောနကအပျော်ဟာ အခိုးငွေ့ပျံသွားသည့်အလား ကြက်ပျောက်ငှက်ပျောက်ရှိလှသည်
"ဟမ် ဒါဘာကြီးလဲ"
"မင်းမဟုတ်ဘူးလား
dating newsဆိုတာထဲက ကောင်လေးက""ဟုတ်တော့ဟုတ်ပေမယ့် မဟုတ်ဘူး"
"ဘာလဲ မရှင်းမလင်းတွေ"
"ငါဟုတ်ပေမယ့် သူ့ကောင်လေးမဟုတ်ဘူးလေ"
"အယ် အယ်"
"ငါအတည်ပေါက်ပြောနေတာ
စိတ်ညစ်ပါတယ် ဘာတွေလဲဒါကြီးက""မင်းမှန်းမသိလောက်ပါဘူးဆော့ဂျင်ရာ
မျက်နှာဝါးထားတာပဲ
ငါတောင်မနေ့ကမင်းကိုအဲ့ဟိုတယ်မှာ
တွေ့လိုက်လို့မင်းမှန်းသိတာ""မင်း ငါ့ကိုမြင်တာလား"
"အေး မင်းအဲ့လောက်ကို့ရို့ကားယားလုပ်ပြီး
သူများအကျီစကိုစွဲထားမှတော့တွေ့တာပေါ့
မင်းကိုအစကဆေးထိုးဖို့ဆိုပြီး
ပုံတောင်ရိုက်မလို့လုပ်သေး""မင်းအဲ့ဖုန်းနဲ့ပုံတွေနဲ့ပဲလုပ်နေ"
"ခုအဲ့ဒါအလုပ်ရောအချစ်ကိုရောရှာတွေ့တော့မှာကွ ဟဲဟဲ"
"ဘာကြီး"
"သတင်းဌာနတခုကအလုပ်ကမ်းလှမ်းထားတာလေးရှိလို့ ငါ့သူငယ်ချင်းရေ မင်းလည်းအများကြီးတွေးမနေပဲ လုပ်စရာရှိတာသာလုပ်"