ဆောင်းလေငွေ့သက်လေးက ပြတင်းမှဝင်ခွင့်တောင်းနေလေသလား ။ညည့်နက်တတ်သည်က အလေ့ထတခုအစပြုလာပြီလားမပြောတတ်ပေ ။
အိပ်ပျော်ဖို့ခက်သည့် ညတို့ကရှိခဲ့ဖူးသည် ။
နမ်ဂျွန်းဟျောင်း၏စကားသံတို့ကို ဂျောင်ကုကြားယောင်မိလျှင် သက်ပြင်းရှည်တချက်ကိုလေးပင်စွာချမိပါသည် ။
ညနေပိုင်းဝန်းကျင်လောက်ကဖြစ်မည်ထင်သည် ။
ကင်နမ်ဂျွန်းကထူးထူးဆန်းဆန်းသူ့ mail box ကိုဖွင့်ပြတော့စိတ်မရှည်စွာပင် နှာမှုတ်ဟန်နှင့်ဂျောင်ကုပြုမူခဲ့မိသေးသည် ။
ဆေးရုံဝန်းထဲမှ မှတ်တမ်းပုံတို့ကထောင့်တနေရာမှ ကျကျနနရိုက်ထားသည်ဟုယူဆရသည် ။ ကောက်ကွေးလုံးလေး၏နီရဲရဲပါးမို့လေးတို့မှအစ မိမိနှုတ်ခမ်းပါးအောက်မှမှည့်နက်လေးတို့အထိအသေးစိတ်ပြတ်သားစွာမြင်နေရသည် ။ အရပ်သိပ်မကွာသည်ကိုသိထားပြီးသော်လည်း သွယ်လျလျခန္ဓကိုယ်ငယ်လေးကဂျောင်ကုနှင့်ယှဉ်လျှင်လူကောင်သေးသွယ်လွန်းသည်မှာပုံတျု့ထဲပို၍သိသာလွန်းနေသည် ။
နမ်ဂျွန်းကို မေးတချက်ဆတ်ပြလျှင် လက်ပတော့ကိုပြန်သိမ်းယူသွားကာပေးပို့သူအမည်နှင့် နောက်မေးလ်တို့ကိုထပ်ဖွင့်ပြသည်က တခုပြီးတခုပင် ။
"လိုရင်းကိုပြောဟ"
"ပထမဆုံးပို့တဲ့သူက သတင်းထောက်တယောက်မဟုတ်လောက်ဘူးလို့ငါထင်တာ ဒါပေမယ့် ဆက်တိုက်ထပ်ဝင်လာတဲ့မေးလ်တွေကတော့ သတင်းထောက်တွေဆီကပဲ ပို့တဲ့နာမည်နဲ့သတင်းချာနယ်တွေပဲကွာသွားတာ ပို့လာတဲ့ပုံတွေကချွတ်စွတ်ကြီး တခုပဲ.. အဲ့နောက်ဝင်လာတဲ့ပုံတွေမှာတော့ကင်ဆော့ဂျင်ရဲ့မျက်နှာကိုဝါးထားတယ်"
ဂျောင်ကု ကီးဘုတ်ပေါ်လက်သွယ်သွယ်တို့ပြေးလွှားသွားရတော့သည် ။ ဟုတ်သည် ဆော့ဂျင်၏မျက်နှာကိုပထမဆုံးမူရင်းပေးပို့သူထံမှဖိုင်တခုတွင်သာတွေ့ရသည် ကျန်တာတွေမှာဝါးထားတာတွေချည်းပင်။
"အန်တီဂျွန်းတို့ လုပ်တယ်လို့မင်းထင်နေတာလား"
တင်းမာနေသည့်လေသံနှင့် စကားဆိုရင်း
ဂျောင်ကုအံကို ဖိကျိတ်မိပါသည် ။