လော်ဘီတခုလုံးညံသွားရလောက်အောင်ထိုအသံဟာဟိန်းကနဲ ။
ဆော့ဂျင်တကိုယ်လုံး တုန်ခါလာသည်။
ပျောက်ကွယ်သွားခွင့်ကိုစိတ်သဏ္ဍာန်မှ တောင်းတနေသည်က ထပ်ပြန်တလဲလဲပေ ။ထိုလူကကြမ်းပြင်ပေါ်ထိုင်လျက်သား အနေထားဖြစ်နေကာ လက်သီးကိုတင်းနေအောင်စုပ်ထားသည် ။
ထိုမျက်နှာစိမ်းလူက သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကာ သူ့မျက်နှာကိုယ်သူလည်းလက်ကောက်ဝတ်နားယှက်ထားသည့်အနေထားနှင့်အလိုအလျောက်ကာလိုက်မိကာ မရဲတရဲပြန်ကြည့်နေသည် ။ သူ့ကိုယ်သူကာကွယ်သည့်အမူအသွင်တို့မှလွဲပြီး ရန်လိုရမ်းကားလိုသည့် လူဆိုးလူသွမ်းဟန်တို့ပင်ထိုလူထံရှိနေပေ။ထိုလူကဝုန်းကနဲကုန်းထဖို့လုပ်သည်အခါ လုံခြုံရေးဝန်ထမ်း၂ဦးရောက်လာသည် ၊ လက်ထဲတွင်လည်းလမ်းလျောက်စကားပြောစက်ကိုယ်စီနှင့်ဖြစ်ကာအသံဝူးဝါးတချို့ကိုစပီကာမှတဆင့်မပီပြင်စွာထွက်ပေါ်နေသေးသည်။
ရုန်းရင်ဆန်ခတ်ဖြစ်လာမည်ကို စိုးရိမ်သည်ကကျစ်ကနဲစုတ်ကိုသတ်ကာ ဂျောင်ကုယောင်ရမ်းစွာနောက်တွင်ကွယ်လျက်သားကောက်ကွေးလေးကိုလက်ဖျံစပ်တို့မှထိန်းကိုင်လိုက်မိသည် ။
သူဟာနူးညံ့ညံ့လေးပေမို့ မသိစိတ်ကပင်ဖြစ်တည်လာမည့် ကြောက်စိတ်တို့ကိုပင်ဟန့်တားချင်မိပါသည်။
လက်ကောက်ဝတ်နားမှ အောက်သို့ဖြည်းဖြည်းလျောကာ လက်ခုံသေးသေးလေးတခုလုံးကိုအုပ်မိုးကိုင်ထားလိုက်မိသည်ဆိုလျှင် ကျန်လက်တဖက်နှင့်ယှက်ကိုင်လာသည့်သူ ။ အိုကနဲ အာမေဍိတ်သံသည်နှုတ်မှလွတ်ထွက်မတတ်ပေ။
ဆော့ဂျင်လက်တွေကအေးစက်လို့ရယ် ။
ဂျောင်ကုနောက်သို့ ဆတ်ကနဲလှည့်လိုက်မိသည်။
ကျန်လက်တဖက်နှင့် ပုခုံးစပ်တို့ကိုပွတ်သပ်သည့်အခါ ဆော့ဂျင်ကခေါငိးကိုပြန်မော့မလာပဲငိုက်စိုက်လေးချထားသည်။ဂျောင်ကု သူ့မျက်လုံးတို့ကိုမကြည့်ဝံ့ရဲခဲ့ပေ။
စူးရဲရဲမျက်ထောင့်နီတို့ကိုမျော်လင့်သည်လား
မျက်ရည်စတို့ခိုတွဲနေမည့်ကြည်တောက်တောက်မျက်ဝန်းတို့ကိုနှစ်သိမ့်လိုသည်လား မတွေးတတ်စွာရှောင်တိန်းနေမိသည်။