လမ်းတလျောက်လမ်းမီးတို့ကမှိန်ဖျောနေသည် ။
လရောင်ပြေပြေလေး အောက်တွင် ဂျွန့်နှာတံမြင့်မြင့်လေးကပိုမိုထင်ရှားနေသယောင် ။ နှုတ်ခမ်းပါးတို့ကသူ့အလိုကျကျူးကျော်သည့်အခါ ဆော့ဂျင်မျက်စိအစုံကိုမှိတ်ပစ်လိုက်မိသည် ၊ နှုတ်ခမ်းချပ်အထိအတွေ့တို့ကနူးညံ့လှသည့်အလျောက်အနမ်းဖွဖွတို့ကပြုစားစွမ်းပြန်သည် ။ မျက်ခွံကိုမပီမပြင်လေးဖွင့်တဝက်ခိုးကြည့်မိသည့်အခါ မျက်တောင်စိပ်စိပ်တို့နှင့်မွေးညင်းလေးတို့အထိအနုစိတ်မြင်နေရသည် ၊ ခါးစပ်မှတင်းတင်းပွေ့လိုက်သည့်အခါဆော့ဂျင်ရှင်လျက်နှင့်လိပ်ပြာအနုတ်ခံရသလိုဖြစ်နေလေသည် ။ နှလုံးခုန်သံတို့ကြောင့်သာခန္ဓာဖြစ်တည်နေသေးကြောင်း အတည်ပြုနိုင်ရမည်။တပြိုင်နက်တည်းမှာပင် ခပ်လှမ်းလှမ်းမှခြေသံတို့ကိုကြားရသည် ။ ခြေလှမ်းခပ်ကြဲကြဲ ခြေသံမှာတရှဲရှဲပင်ဖြစ်သည်။ သံထည်ပစ္စည်းချင်းပွတ်တိုက်ထိရိုက်နေသည့်အသံလည်းရောစွက်နေပြန်သည် ။ ထိုအသက်ရှုသံကြမ်းကြမ်း ထိုချွေးနှင့်ရောပြွမ်းသောသွေးနံ့တို့ကိုရသည့်အခါ ဆော့ဂျင်မျက်ခွံတို့ကိုဖျတ်ခနဲဖွင့်ကြည့်မိတော့သည် ။
"ကင်မ် မင်း..မင်းဘယ်လိုလုပ်ပြီး"
"ဟား ဟား ဟား"
ကင်မ်ဟာလက်ခုပ်ကိုအဆက်မပြတ်တီးနေသည်။
ဆံပင်တို့ကိုလက်ဖြင့်သတ်တင်ဖို့လုပ်သည့်အခါ တိုနံ့နံ့ရှေ့ဆံနွယ်စတို့ကိုသူသတိထားမိဟန် မဲ့ပြုံးကိုသာချီသည်။
လက်ထဲမှသံတုတ်ကိုလည်းပတ်လည်လှည့်ကာဆော့ကစားနေဟန်သည် ခနဲ့တဲ့တဲ့နှင့်တလောကလုံးကိုအရွံ့တိုက်နေသည့်အချိုးပင်ဖြစ်သည် ။"မင်းဒီကိုဘယ်လိုလုပ်ပြီး.."
"မင်းမထိသင့်တဲ့အရာတွေကိုထိပစ်လိုက်မိပြီပဲဆော့ဂျင်"
"ငါ့ခန္ဓကိုယ်တခုလုံးကိုရောအချိန်တွေရောဝေစုခွဲရတာအားမရလို့ခုဘာကိုထပ်ချိန်းခြောက်ဦးမလို့လဲ"
"ဂျွန်ငယ်ကြောင့်သတ္တိတွေသိပ်ရှိနေတာလား ဆော့ဂျင်"
"ဘာကြီး"
"အဲ့လိုဘာမှနားမလည်တဲ့ပုံစံကိုတော်စမ်းပါ အဲ့ဆံပင်လှိုင်းတွန့်တွေကိုလည်းအဲ့လိုနူနူအအပုံဖြစ်နေလို့ညှပ်ပစ်ခဲ့တာ"