ဂျွန့်မျက်ဝန်းဝိုင်းဝိုင်းလေးတို့တွင် မျက်ရည်စတို့ကိုတွေ့ရသည် ။ ဂျွန့်နှုတ်ခမ်းပါးလေးတို့ကတင်းတင်းစေ့ပြုံးနေသည် ။တမော့မော့ဖြစ်နေသည့်ဆော့ဂျင်၏မျက်နှာလှလှလေးထံတွင် ထိုအပြုံးတို့ကဝပ်တွားခစားဝင်နေသည် ။ မျက်ဝန်းညိုညိုလေးတို့ကမူ နဝေတိမ်တောင်လေးသာငေးမြဲငေးဆဲဖြစ်သည်။
ဂျွန့်ခါးစပ်တို့တွင် ချိတ်တွယ်ထားသောလက်ဖျံဖြူနုနုလေးတို့မှာပြေလျော့မသွားသေး ။
ဂျွန်ကမေးတချက်ဆတ်ပြသည့်အခါ ဂျွန့်ပါးပြင်သို့လက်ချောင်းကောက်ကောက်လေးတို့ကကျူးကျော်လာသည် ၊ မျက်ခမ်းစပ်တို့နားတွင်တန့်သွားပြီးမှ...
"ခင်ဗျား ငိုနေတာလား"
ဂျွန့်နှုတ်ခမ်းတို့က ပြေပြေလေးပြုံးရင်းတုန့်ပြန်သည် ။
"ဒီတိုင်းတင်းတင်းလေးထပ်ဖက်ထားလိုက်ရင် သက်သာသွားမှာပါ"
ဆော့ဂျင် နားမလည်စွာဂျွန့်ကိုသာငေးမောနေရသည် ။
ဂျွန့်မျက်တောင်စိပ်စိပ်လေးတို့ကငြိမ်သက်နေသည် ။
စေ့စေ့ကြည့်နေရင်း နှုတ်ခမ်းပါးလေးတို့ကစူထွက်လာကာ နမ်းသည့်ဟန်မျိုးနှင့်ကျီစယ်သည့်အခါဆော့ဂျင်ပါးအို့လေးတို့ပင်ထူပူလာမတတ်ရှက်သွေးဖြန်းသွားရပြန်သည် ။ဂျွန်ကမူညစ်ကျယ်ကျယ်လေးသာရယ်သွမ်းနေတော့သည် ။
ရယ်သွမ်းသွားသည့်အခါတိုင်း နှုတ်ခမ်းပါးတို့အပေါ်စပ်နားတွင် နှုတ်ခမ်းမွေးရေးစစလေးတို့ကရေးရေးလေးစိမ်းနေသည်၊ ဆော့ဂျင်၏လောဘစိတ်ကဒီညမှအတောမသတ်နိုင်အောင်ဆိုး၏။ အရာရာကိုထိတွေ့ပိုင်ဆိုင်ချင်နေတော့တာပါလား ။
စိတ်ထက်မြန်နေသည့် မိမိလက်ကောက်ကောက်လေးတို့ကဦးအောင်ကျူးကျော်ပြီးနေချေပြီ ၊ဂျွန့်နှုတ်ခမ်းထောင့်တို့ကတွန့်သွား၏ ၊
ကြည်စင်စင်အပြုံးအကြည့်တို့က ရုတ်ချည်းရီဝေစပြုလာသည် ၊ တရွေ့ရွေ့တိုးကပ်လာသည်ကြောင့်ခပ်ချောချောမျက်နှာနှစ်ခုကထိကပ်လုမတတ် ။လက်ချောင်းကောက်ကွေးလေးတို့ကို ဂျွန်ကလက်တဖက်နှင့်တင်းကိုင်လာသည် ၊ နှုတ်ခမ်းပါးတို့နားတွင်တန့်နေသည့်အခါ ဖွဖွလေးဖိနမ်းသည့်ထိုအနမ်းနုရွရွတို့ကလက်ချောင်းထိပ်တို့မှဖဝါးပြင်တို့အထိဖိဆွဲနေသည် ။