SCANDAL 20.

360 67 9
                                    

တပတ်ခန့်အချိန်ကအကုန်မြန်လွန်းနေသလိုလိုပင် ။
ဂျောင်ကုဘာအလုပ်မှမယ်မယ်ရရမလုပ်ဖြစ် ရိုက်ကူးရေးဘက်ဦးမလှည့်လာသည်မို့ နမ်ဂျွန်းဆီကလှိမ့်ပိန့်ဆူခံရသည့်စာတိုပေါင်းကမနည်းတော့ ။

ဆော့ဂျင်ကအချိန်ပိုင်းအလုပ်တွေချည်းလှိမ့်လုပ်လာသည်။ နေ့လယ်နေ့ခင်းချိန်လောက်ဆိုကော်ဖီဆိုင် ညဆိုင်းဆိုစတိုးဆိုင် ဓာတ်ဆီဆိုင်အစသဖြင့်စုံအောင်ဖြစ်၏။

တကောက်ကောက်လိုက်ရင်း မျက်နှာပြောင်တိုက်စွာအကြောင်းပြချက်ပေါင်းစုံပေးသည့်တိုင်ဆော့ဂျင်ကတိုက်ဆိုင်စွာတွေ့နေသည်ဟုအတည်ကြီးတွေးထားသည်ဟန်ပင်။

ယနေ့တွင်တော့ ကော်ဖီဆိုင်လေးတွင်ဖြစ်နေသည် ။

ဒီဆိုင်လေးတွင်နေ့လယ်လောက်မှစ၍ဆော့ဂျင်အချိန်ပိုင်းအလုပ်လုပ်နေသည်မှာ ဒုတိယမြောက်ရက်ပင်ဖြစ်နေ၏။

ကောင်တာစောင့်ကောက်ကွေးလေးထက် သူ့ဂျွန်ကစောစီးစွာရောက်နေပြန်သည် ။ ထောင့်ဝိုင်းလေးကဦးစရာမလိုပဲထိုင်နေကျဂျွန့်နေရာဖြစ်လာလေသည် ။

အပြင်ဝယ် မိုးသည်းပေါက်ငယ်တို့ ဖွဲဖွဲလေးကျနေသည်။ ရွက်စိမ်းဖန့်ဖန့်တို့ကလည်း စွတ်စိုစပြုကာလေညင်းလေးဝေ့ရာနောက်ဖွဖွယိမ်းနေပြန်သည်။ ပန်းနံ့သင်းထုံထေုံတို့ကိုလေထုထဲတွင်တွေ့မြင်ရနေသည်။ သစ်ပင်အောက်နှင့် မျက်စောင်းထိုးဘတ်စ်ကားဂိတ်တွင်မိုးခိုနေကြသူများလည်းရှိနေသည် ၊ ဖိုင်တွဲတခုကိုကာရင်းပြေးလွှားနေသည့်လူနှစ်ယောက်ခန့်လည်းတွေ့ရသလို ဘာမထီအောင်မိုးဖွဲထဲလမ်းလျောက်နေသည့်သူတဦးမှာလည်းပေါ့ပါးသွက်လက်လို့ရယ် ။

ထီးပြာနုနုလေးတချောင်းက တဖက်ကားလမ်းပေါ်မှတလှုပ်လှုပ်လာနေသည်။ ထီးရိုးတံကခပ်ယဲ့ယဲ့မို့လေမတိုက်မီကပင်ယိမ်းချင်နေပြန်သည်။ဆံနွယ်စတို့ကလေတိုက်တိုင်းမျက်လုံးတို့ထိဖုံးအောင်ခြေရှုပ်နေပြန်သည် ။ ဆံပင်ကောက်ကွေးလေးကိုပြန်သပ်တင်လိုက် ထီးကိုပြန်တည့်မတ်လိုက်နှင့် တယောက်တည်းဗျာကိုများလို့ရယ် ။

ဆိုင်တွင်းထဲရောက်သည်နှင့် အပေါ်ထပ်ပွပွပေါ်မှမိုးရေစတို့ကိုသူခါထုတ်နေသည် ၊ ပုခုံးထောင့်တို့မှစကာနောက်ကျောပြင်တို့အထိဖြစ်သည်။ အဖြူရောင်အပေါ်ထပ်ပွယောင်းယောင်းလေးထဲနစ်မြုပ်နေမည့် သွယ်လျလျခန္ဓကိုယ်လေးကိုတွေရမိသည့်အခါ ဂျောင်ကုရှက်ရှက်နှင့်ခေါင်းကိုခါထုတ်ပစ်ရပြန်သည်။

THE SCANDAL Where stories live. Discover now