SCANDAL 8.

803 110 12
                                    



ညကဂျောင်ကုတော်ရုံနှင့်အိပ်မပျော်ခဲ့ ။

သူ့အကြောင်းတွေများစဉ်းစားရရင် ညနှစ်နာရီလောက်ထိထိုးတတ်နေပြီ ။

ကောင်လေးကိုဆင့်ကာဆင့်ကာတွန်းထုတ်လိုက်ပုံတွေမြင်ယောင်မိလျှင် တဖက်လူကိုတစစီဆွဲဖြဲပစ်ချင်မိသည်။

မနက်ခင်းသို့အမြန်ရောက်ချင်သည်
ဒီတညတော့ညတာတိုပါစေဆိုတဲ့အိပ်ရာဝင်ဆုတောင်းလေးတခုကိုပြုမိသည်
သူလည်းအိပ်မက်လှလှမက်ပါစေလေ ။

အိမ်သစ်ပြောင်းခါစပေမို့ပစ္စည်းတချို့ကမထုတ်ရသေးပဲရှိ၏။
စာရေးစားပွဲထောင့်စွန်းနားက ဖန်ဘူးခပ်ကြီးကြီးလေးတခုကတော့သူ့ကိုပျက်ရယ်ပြုနေလောက်သည် ။

ကြယ်လေးတွေခေါက်ပြီးမသိမ်းဖြစ်တာ ရက်သတ္တပတ်တခုကြာနေပြီမဟုတ်လား ။

>>>
မနေ့ညကနောက်ဆုံးတွေ့ဖြစ်ခဲ့တဲ့ ထိုနေရာလေးသို့မနက်လင်းတာနဲ့ သွားစောင့်ဖြစ်သည် ။

ဆိုင်ကမဖွင့်သေး ။

စိတ်မရှည်စွာနာရီကိုကြည့်ရင်းစုတ်တချက်သတ်မိတော့ မနက်ဝေလီဝေလင်းအချိန်သာရှိနေသေး၏။

ကင်နမ်ဂျွန်းဆီဖုန်းဆက်မေးတော့ ပေါင်းစုံအောင်ဆဲခံလိုက်ရသည် ။

လူအိပ်ချ်န်ကိုလူလိုနားလည်စမ်းဘာညာပေါ့
တကယ်ဆိုဆော့ဂျင်ရဲ့အိမ်လိပ်စာလောက်ကိုသိထားခဲ့သင့်တာ ။

အပြစ်တင်ရမယ်ဆို ကိုယ့်အပြစ်တွေချည်းသာ

ပုပြတ်ပြတ်နာရီလက်တံလေးကနံပါတ်၉နားတဝေ့လည်လည်ညွှန်ပြလာသည့်အခါတွင် ဆိုင်တံခါးကိုအသက်ကြီးပိုင်းအရွယ်လူတယောက်လာဖွင့်ပါသည် ။

ခါးအနည်းငယ်ကိုင်းနေကာ ထိုလူ့ဟန်ပန်ကရိုးသားမည့်ပုံတော့ပေါက်သည် ။ စျေးဝယ်တချို့လည်းတဖြိုက်ဖြိုက်ကျနေလေသည်။ တနလာနေ့ပေမို့ရုံးသွားကျောင်းသွားသူတို့ကတရိပ်ရိပ်ပင်။

ဆိုင်ထဲကွက်ကြည့်ကွက်ချောင်းလေလျှင် ထိုလူကတချက်ပြုံပြတတ်သေးသည် ။

မွန်းတည့်သည်အထိ သူ့ဆော့ဂျင်၏အရိပ်ယောင်ကိုမတွေ့သေး ။

နေကလည်းပူကျွက်လို့သာလာ၏ ။

THE SCANDAL Where stories live. Discover now