ညတာရှည်လွန်သော သည်ဆောင်းညတို့ကမာယာပိုတတ်ကြစမြဲ ။အိပ်ခန်းပြတင်းပေါက်မှကျော်ငေးရလျှင်
နှင်းဖွဲဖွဲလဲကျမနေပါပဲမြူစိုင်းနေသေးသည်ကိုပဲကြည့်ပါလေ။ညအိပ်မီးဝါဖျောဖျောလေးတလုံးသာဖွင့်ထားသည့် အိပ်ခန်းငယ်ကလူနှစ်ယောက်စာအတွက်တော့ကျယ်ဝန်းသည်ထက်ပင်ပိုနေသည် ။
ဆော့ဂျင်ကဘာကိုအလိုမကျမှန်းမသိ ၊ နှစ်ယောက်အိပ်ကုတင်ကျယ်ပေါ်လူးလှိမ့်သည်က နံရံဘက်အိပ်ရာထောင့်တပြန်ဒီဘက်ကုတင်စွန်းတလှည့်ပင်။ စောင်အပုံလိုက်လေးပတ်လျက်အနေထားနှင့်ပင် ခေါင်းကိုပြူတစ်ထုတ်ဖို့ အားအင်သေးသေးလေးနှင့်တိုးရှိုးလေလျှင် မျက်နှာလှလှလေးပေါ်မှထိရှရာဟောင်းတို့ကိုပွတ်တိုက်မိသလိုဖြစ်သွားရတော့သည် ။
"အ"
အခန်းထောင့်လေးမှ လှည့်ကြည့်လာသူသည် ဂျွန် ။
အံဆွဲတို့ကိုတခုပြီးတခုဖွင့်ရှာနေရင်းက လက်တို့တန့်သွားကာစိတ်မရှည်စွာအသံပြုမိသည်က ကျစ်ကနဲ။"ကျစ်..ဆော့ဂျင် မင်းငြိမ်ငြိမ်မနေဘူးလား"
ဆော့ဂျင်မျက်စောင်းကိုခဲရသည်ကပင် မဝံ့မရဲလေး။
ဗိုက်ဆာပါသည်ဆိုတာကိုပျားရည်နဲ့ရေနွေးဖျောကာ ဆေးတလုံးကိုပါအဆစ်တိုက်သွားသေးသည့် အူပုပ်ဂျွန်ဂျောင်ကုကို ခုခံချေပခွင့်တော့ရှိသည်မလား။
"ဟို ငါ ငါ"
"ငြိမ်ငြိမ်နေလို့ ပြောထားတယ်လေ
လာချီထားခံချင်လို့ လှုပ်နေတာလား""ဟိုဟို မုန့်ရှာနေတာလားလို့ပါ ဟီးဟီး"
ဂျွန်ကထပ်လှည့်ကြည့်လာသည်က ဆတ်ကနဲ ။
အောက်နှုတ်ခမ်းတို့ကွေးတက်သွားခါနီးမို့ နှုတ်ခမ်းပါးတို့ကိုတင်းတင်းပြန်စိထားလိုက်သည်။
လက်ထဲတွင်လည်း အဝါရောင်ဆေးဘူးနှင့်အရက်ပြန်ဘူးရယ် ဂွမ်းစအထုပ်လေးရယ်ကိုလက်ညှိုးနှင့်လက်ကလယ်တို့ကြား မရရအောင်ညှပ်ကိုင်ထားသေးသည် ။"ခင်ဗျားမဟုတ်မှ..."
"ဆေးထည့်ရမယ်လေ"
"မထည့်ဘူး အဲ့အရက်ပြန်ကြီးကစပ်တယ် ဆေးဝါလည်းမထည့်ဘူး"