အိမ်ကိုလိုက်ပြန်ပို့ပေးဖို့ပြောတော့ အကြောက်အကန်သူငြင်းသည် ။
ခြိမ်းခြောက်နည်းအတိုင်းခြောက်လျှင် တချက်တုန်လှုပ်သွားတတ်သော်လည်း အင်းမလုပ်အဲမလုပ်ရပ်နေသည်က ပေတေတေလေး
ခဏကြာတော့ ခြေထောက်ကိုလွှဲကာတဖန်ဆော့ကစားလေသည် ။
ဒူးကွေးအောက်မှလျှိုပွေ့လိုက်လျှင် သိမ့်ကနဲပါလာသည့် ခန္ဓကိုယ်သွယ်သွယ်လေးကကျုံ့လျက်သားလေး။
မျက်ဝန်းညိုတို့က ပြူးတူးတူးလေးဖြစ်သွားပုံထောက်လျှင်ရှက်သွားသည့်ဟန်ပင် ။
ဆေးရုံဝန်းငယ်ကလည်းသိပ်မကျယ်ဝန်းသည်မို့ လူတချို့ကသူတို့ကိုသတိပြုမိဟန် ၊ ဝေ့လည်ဝေ့ကြည့်လုပ်လာလျှင်ဆော့ဂျင်ကဟူဒီခေါင်းစွပ်ကိုမျက်ခုံးတန်းတို့ထိဖုံးအောင်သူ့ဆွဲချတော့သည် ။
ပွေ့ထားရာမှအောက်ချပေးတော့ မျက်စိရှေ့မှအမြန်လေးလစ်ဖို့သူဟန်ပြင်သည်။
လက်ကောက်ဝတ်ကိုဖမ်းထိန်းလိုက်သည်မို့ နဂိုနေရာသို့ပြန်တွန်းပို့ပြီးသားဖြစ်နေသည် ။
ဂျွန်ကမျက်ခုံးတဖက်ကိုပင့်လိုက်လျှင် ဆော့ဂျင်နောက်သို့ခြေတလှမ်းဆုတ်သွားသည်။
ခြေတံသွယ်သွယ်တို့ကတလှမ်းနောက်ဆုတ်လျှင်
ခြေလှမ်းကျဲတို့နှင့် နှစ်လှမ်းတိုးကပ်ပစ်သည်။ဤသို့နှင့် ဆော့ဂျင်နောက်ကျောမှမာကြောကြောအကာရံတခုကိုခံစားရသည်၊ သက်တမ်းရင့်ပင်စည်ကြီးတခုသာ ။
မရပ်တန့်သွားသူအဆိုးကောင်က အတင့်ရဲစွာတိုးကပ်သည်မို့ နှစ်ဦးကြားအကွာဝေးတို့တဖြည်းဖြည်းလျော့သထက်လျော့လာတော့သည် ။
ဂျောင်ကုကသစ်ပင်ကိုလက်လှမ်းထောက်လျက်သားအနေထားနှင့်ရပ်တန့်လိုက်တော့ ဆော့ဂျင်သက်ပြင်းတို့ကိုအကြိမ်ကြိမ်ခိုးရှိုက်ရပြန်သည်။
မျက်ဝန်းညိုတို့ထဲသူစိုက်ကြည့်ရင်း နှုတ်ခမ်းပါးတို့ထောင့်လေးတဖက်သာကွေးရုံသူပြုံးသည် ။
အကြည့်တို့က နှုတ်ခမ်းဖူးဖူးတို့ထံအဆုံးသတ်ကာ နှုတ်ခမ်းပါးတို့ပိုတွန့်ကွေးလာသည် ။