ခြေတံရှည်သွယ်သွယ်တို့လှမ်းသည်က တထပ်တည်းကျနေ၏။ ဆွဲယူယှက်ကိုင်ခြင်းခံထားရသောလက်ကောက်ကောက်လေးတို့က ဂျောင်ကု၏လက်သွယ်သွယ်တို့ထဲမြဲမြံနေပြန်သည် ။ တလှပ်လှပ်ခုန်နေသည့်နှလုံးသားသည် မြေပြင်ပေါ်ပေါက်ထွက်ခုန်ဆင်းမတတ် ။
မျက်ရည်စတို့ကိုသုတ်ပေးလျှင် ပိုငိုသည်းသည့်ကောင်လေး ၊ နာကျင်မှုကိုတယောက်တည်းထမ်းပိုးခဲ့ရသည့်ကလေး ၊ မသိစိတ်က အသွင်သစ်တခုဖန်တီးပြီး သန်မာချင်ဟန်ဆောင်တတ်သည့်နူးညံ့ညံ့အလှလေး ၊
ချစ်သည် ၊ တသသရေရွတ်မိသည့် မျက်စိရှေ့ကအမျိုးသားကိုအသက်နှင့်တမျှချစ်သည် ။အကိုပေးခဲ့သည့်အသက်ကို
ဆော့ဂျင်အတွက်ဆက်လက်ရှင်သန်ရဦးမည် ။အဆင်ပြေသွားမှာပါဟု ခေါင်းကိုဖွဖွပွတ်ပေးလျှင် ဆော့ဂျင်သည်ပိုတိုးဝှေ့ချွဲတတ်သည် ။လက်ချင်းယှက်လျက်အိမ်ပြန်လမ်းတွင် အငိုတိတ်စပြုလာသည့်ဂျွန့်အသက်လေးက အိမ်မက်အကြောင်းကိုစီကာပတ်ကုံးပြောတော့သည် ။
ကိုယ့်ဒဏ်ရာကိုကိုယ်သာအသိဆုံးဖြစ်မည်
မည်သို့ပင်ဖုံးကွယ်စေကာမူ တချက်တချက်တွင်လက်ကိုတင်းတင်းစုပ်ကိုင်ထားမိသည် ၊ ဂျောင်ကုဘေးတွင်သူရှိသည်ကိုသေချာသည့်အခါ လက်ကိုပြန်ပြေလျော့ရသည်
ဆော့ဂျင်ကလက်ခုံကိုဖွဖွပွတ်သပ်ပေးရသေးသည် ။"မင်းလည်းကြောက်တတ်တာပဲလား"
"ဘာကိုလဲ"
"ငါ့အိမ်မက်ဆိုးတွေကိုလေ"
"အင်း ကြောက်တယ်"
"မင်းပဲအိမ်မက်ကတကယ်မှမဟုတ်ပဲဆို.."
"မင်းထပ်နာကျင်ရမှာကိုကြောက်တာပါ"
ဆော့ဂျင်ကမျက်ခုံးတို့ကိုပင့်လျက်ကြည့်သည် ။ တိုစစဆံနွယ်တို့ကပါမသိမသာလေးလှုပ်ခါပင့်သက်သွားလျှင် ဂျောင်ကုကခပ်ရေးရေးလေးပြုံးရင်း ဆံစတို့ကိုထိတွေ့သည်က အမြတ်တနိုး။
"ချစ်တာကိုး"
ရှက်သွေးဖြန်းသွားသည့်အခါ နားရွက်ထိပ်လေးတို့ကရဲကနဲ ။ ပါးမို့မို့ကအနီသွေးနေပြန်သည် ။ မျက်တောင်ကိုပုတ်ခတ်ခတ်လုပ်မည် မျက်လွှာကိုချထားမည် ။ တွဲထားသည့်လက်ကိုပါဝှေ့ရမ်းကာလှုပ်ခါစေသေးသည် ။