တဖြတ်နားချိန်ပြန်ရောက်လာတော့သည်နောက်တကဒ်လောက်ဆို ဆော့ဂျင်နှင့်နှစ်ယောက်တွဲcutတချို့ရိုက်ဖို့အသင့်ဖြစ်နေသည် ။
အခွင့်သာတိုင်း ထိုစားပွဲနားသို့ရစ်သီသီလုပ်စမြဲ
စားပွဲစောင့်ကောက်လုံးလေးကလည်း ခဲတဖျက်ရေးတချက်နှင့်အလုပ်များနေဆဲဖြစ်သည်။ကိတ်မုန့်တလုပ်စာလောက်ကိုကျွေးဖို့တောင်းတော့သူငြင်းသည်
"ခုထိဘာမှမစားရသေးဘူးကွ"
သည်လိုပြောတော့တိုင်ကပ်နာရီရှိရာသို့
သူ့မျက်ဝန်းညိုတို့လှစ်ကနဲရောက်သွားပါသည်တကိုက်စာမျှဖဲ့ထားသောကိတ်ကိုသူသိမ်းသည်
အသစ်စက်စက်ခရင်မ်စမ်းထားသောကိတ်လေးတခုကိုသူဘူးဖုံးဖွငိ့ရင်းလှမ်းကမ်ပေးသည်"ရော့"
ဒါအသစ်ကိုစား 'ဆိုသည့်သဘောပေ ။
ဂျောင်ကုကလက်မခံပဲ ဟိုဘူးထဲမှမှုန့်ကိုဇွန်းနှင့်ရွယ်သည် ။
လက်ကောက်ကောက်လေးတို့က ဘူးစွန်းပေါ်သို့ထိန်းကိုင်လာသည် ။
"ဒါငါစားပြီးသားကြီး"
"အဆင်ပြေတယ် အဲ့တခုပဲစားချင်လို့"
မျက်တောင်စင်းတို့ကိုပုတ်ခတ်ခတ်လုပ်ရင်း
မျက်ခွံတို့ကိုလှန်ကြည့်သည်က ဘာလို့လဲဆိုသည့်အမေးကိုအသံတိတ်သူမေးဟန်ကိုဆောင်နေသည်"ဒါကပိုစားကောင်းမယ့်ပုံပဲမဟုတ်လား"
"ရား အဲ့လိုလူလည်မကျနဲ့ မျှစားရမယ်"
ပြောပြောနှင့် လက်ထဲကဇွန်းပိစိလေးကိုသူပြန်လုသွားပြီး ထိုကိတ်စိပ်တခုလုံးကိုပါးစပ်ထဲသွပ်သည်က ပါးစောင်တခုလုံးပလုတ်ပလောင်း။
ခေါင်းတခါခါလုပ်ရင်းပင်ငတုံးဆိုသည့် မှတ်ချက်ကိုဂျောင်ကုပေးဖြစ်အောင်ပေးရပါသေးသည် ။
ခက်သည် ၊ ငတုံးဟုတခါတမိတိုင်း နှလုံးသားတခါးကိုသူတလှမ်းပိုတိုးခေါက်ပါတော့သည်
>>>
"နောက်တစုံလဲပြီးတာနဲ့ ဆော့ဂျင်နဲ့ကဒ်လာတော့မှာ
အဲ့ချိန်.."