အခမ်းနားဟောကြီးတခုလုံးဟာ မီးအမှောင်ချထား၏ ။ကော်ဇောနီခင်းသောလျောက်လမ်းဟာ အဝင်ဝမှအစပြုပြီး အဆုံးသတ်ဝယ်ပိတ်ကားပြင်နောက်ခံထားသော စင်မြင့်တခုရှိ၏။
ဘဝကရုန်းကန်ခဲ့သမျှက အချည်းနှီးမဟုတ်ခဲ့ဘူးဟူ၍ဆော့ဂျင်တွေးမိပြီး သက်ပြင်းကိုတချက်ချမိသည် ။
မိုက်ခရိုဖုန်းမှ နာမည်တခုကိုဖွင့်ဖောက်ကြေငြာလိုက်တော့ ရွှေပွဲလာပရိသတ်တို့က လက်ခုပ်ဩဘာပေးကြကာ မြှင့်မြှောက်လိုက်သောဝိုင်ခွက်တို့ဝယ် ကင်မရာမီးရောင်တို့ကဖျိုးဖျိုးဖြတ်ဖြတ် လက်သွားတော့၏။
ဇာတ်ညွှန်းကင်ဆော့ဂျင် ဂုဏ်ယူပါတယ် တဲ့လား ။
ရုတ်တရက်လက်ဖမိုးပေါ်မှအနွေးဓာတ်တခုကိုခံစားလိုက်ရပြန်သည် ၊
အရေပြားတို့အနည်းငယ်ရှုံ့တွဲနေပြီးအစက်ပြောက်ညိုရင့်ရင့်တို့ရှိသည့်ထိုလက်တစုံကိုပြန်အုပ်မိုးကိုင်လိုက်ပြီး ခေါင်းကိုသာတချက်ညိတ်ပြမိသည် ။
ဝှီးချဲလေးပေါ်မှ ဖေဖေကမျက်ရည်စတို့စို့နစ်နေ၏ဖေဖေရှိနေခဲ့သည် ၊
ဆေးရုံမှလွဲပြီး ဘယ်ကိုမှခေါ်မရသောဖေဖေ ။
ယခုမူ နိုင်ငံတကာရုပ်ရှင်ပွဲတော်ထိဆော့ဂျင်နားတွင်ရှိနေသည် ။"အမေ့"
မျက်စိရှေ့ဝုန်းကနဲပေါ်လာသောအရိပ်တခုကြောင့် ဆော့ဂျင်ကော်ဇောနီပေါ်သို့လှမ်းနေရင်းနှင့်ပင် ဘေးသို့ယိုင်ထိုးကျသွားတော့၏ ။
ပုခုံးထောင့်တို့ကို ထိန်းကိုင်လာသည် ။
အကြောစိမ်းထင်းထင်းတို့လွှမ်းယှက်သောထိုလက်ဖျံဖြူလွလွဟာ ဆော့ဂျင်၏လက်မောင်းသားတို့အထိလျောသွားကာ ရှပ်အကျီလက်တိုအောက်တဖန်လျှိုဝင်ပြီး ဖျစ်ညှစ်ပွတ်သပ်ပြန်သည် ။ဘယ်လိုအခြေနေကြီးလဲ ။
အမျိုးသားငယ်တဦး ။
အဖြူရောင်ရှပ်အကျီခပ်ပွပွလေးကတွန့်ကြေနေကာ ညအိပ်ဘောင်းဘီကိုဒူးအဖုံးသည်ထိခေါက်တင်ထား၏။ဂျွန်ဂျောင်ကု ။
အမှန်ပင် သူဖြစ်သည် ။သို့သော် ဆော့ဂျင်သိသော သူမဟုတ်နေပေ ။