နာရီလက်တံ၃ ပတ်ခန့်လည်ပတ်ပြီးလောက်ချေပြီဧည့်ခန်းတခုလုံးလည်းပွပလဲ၍သာနေ၏
စားလက်စခေါက်ဆွဲဘူးတို့ကဟိုဒီစားပွဲထောင့်နားဝယ်နေရာယူသည် ၊ အအေးခွက်တခွက်ကလည်းပြန်ပြန်ဖြည့်ပေးသူကျေးဇူးနှင့်သာမလျော့တမ်းရှိနေသေးသည် ။ကိုယ့်အိမ်ကိုယ့်ယာဟုသဘောထားသည့်ဂိမ်းရူးလေးက အခွင့်ရေးကိုအပြည့်ဝအသုံးချလေခြင်းသာ ။
ကြားထဲတရှီးရှီးနှင့် ဆဲဆိုခြင်းမမြောက်သောဆဲရေးမှုခပ်စစတို့ကိုပြုလျှင် သူ့ဂျွန်ကခပ်လှမ်းလှမ်းမှခေါင်းထောင်ကြည့်လာကာ ရေးရေးလေးသာပြုံး၏
ပရိဘောဂပစ္စည်းတချို့ကိုကိုယ်တိုင်ပဲမ'လိုက် ရွေ့လိုက်လုပ်နေရသည်၊ ကူညီပေးပါမည်ဆိုသည်က ဘယ်သူမှန်းပင်မသိနိုင်တော့ ။
ဂိမ်းထဲအကောင်လိုက်ပစ်ဝင်မတတ်ထိ အာရုံစိုက်ကာဆော့ရင်း အစားကိုလည်းတတွတ်တွတ်ဝါးနေသေးသည် ။
"အား ရှီး သေပြန်ပြီ
ဒါဒီခလုတ်ကမကောင်းနေတာ"ရှုံးမဲမဲခံရသည့် သက်မဲ့ဂိမ်းခလုတ်ခုံလေးကမျက်နှာညှိုးငယ်သွားရယောင်ပင် ။
"လဲပေးထားမယ်လေ
ဘယ်လိုမျိုးလိုချင်တာလဲ"ဂျောင်ကုကပြုံးရဲ့ရဲ့လေးနှင့် အလိုလိုက်အကြိုက်ဆောင်လျှင်ဆော့ဂျင်ကကျေနပ်သွားသည်ထင် ၊ သူ့ဖုန်းသူယူကာတခုခုကိုရှာဖွေဖို့ကြိုးစားပါသည် ။
မတ်ဆေ့တချို့ဆီသူ့လက်ချောင်းကောက်လေးများက ဦးတည့်တာနှင့် မျက်နှာကမဲကျသွားပြန်သည်
"ဖေဖေ့ဆီကဘာမှလည်းမကြားရပြန်ပါလား"
တီးတိုးရေရွတ်သည်ကို ဂျောင်ကုနားစွန်နားဖျားသာကြားနေရသည် ၊ဘာဖြစ်လို့လဲဟုသော မေးမထွက်ဖြစ်ခဲ့ပေ ၊
လိုလိုလားလားပြောပြချင်လာသည့်အချိန်ကိုသာစောင့်ရဦးမည် ။ရုတ်တရက်အချိန်ကိုသတိရသွားသည်ထင်၏
ဆော့ဂျင်ပြာပြာသလဲ ကုန်းထကာခါးကိုဆန့်ထုတ်ထား၏၊ ခါးစပ်နားသို့လက်သီးလေးစုပ်ကာဖွဖွထုပြန်သည် ၊ ဘယ်ညာစောင်းလှည့်သည်က ညောင်းညာမှုကိုပြေလျော့စေရန်အလို့ငှါပင် ။