အထာမကျသော ရက်သတ္တပတ်၏အစပင်ဖြစ်မည်ပိတ်ရက်သတ်သတ်မှတ်မှတ်မထားသော်လည်း ဒီလိုနေ့မျိုးကို ကုမ္ပဏီသို့မလာချင်ပေ ။
ရှုပ်ရှက်ခတ်နေတတ်သောရက်မျိုးမဟုတ်လား
ဓာတ်လှေကားမှထွက်သည်နှင့် ဂျူနီယာသရုပ်ဆောင် မော်ဒယ်လေးများမှအစ လမ်းတလျောက်တွေ့သမျှ ဝန်းထမ်းတို့ကနှုတ်ဆက်ကြသည် ။
ပြန်ခေါင်းညိတ်ရင်းသာဂျောင်ကုတုန့်ပြန်သည်က ပျူပျူငှါငှါ ၊
နမ်ဂျွန်း၏အခန်းသို့ဦးတည်ရသည် ။
"ရော့ ဒီမှာ"
ရောက်သည်နှင့်စာရွက်တချို့ကို ဂျောင်ကုရှေ့သို့ပစ်ချလာရင်း မေးငေါ့လာသည်က ဖတ်ကြည့်ဆိုသည့်အမူရာမျိုးပင်ဖြစ်သည် ။
"ဒါဘာလဲ ဇာတ်လမ်းမှာပါမယ့်မင်းသားမင်းသမီးလား"
ဂျောင်ကု လန်သည်ဆိုရုံလေးလှန်ကြည့်သည်က
စာရွက်ထောင့်ဖျားမှစိတ်မပါစွာ...နမ်ဂျွန်းကစိတ်မရှည်တော့ ၊
စာရွက်ကို နောက်ဆုံးနားထိကျော်ရင်း ခေါက်ရာပေးရသည် ၊
ကိုယ့်လက်စကိုယ်သိသည်မို့ မပြဲသွားဖို့လည်းသတိကပ်ရသေး၏စာရွက်အောက်နားရှိ နာမည်တခုကိုတွေ့စေရန် လက်ညှိုးထိပ်နှင့် ထောက်ပြလိုက်သည်က တချက် နှစ်ချက် ။
ဖြတ်လျောက်/ထပ်တိုးစတန့်သရုပ်ဆောင်စာရင်း...
အရေးတယူပင် သိပ်မဟုတ်မှန်းသိသာသည်
စာလုံးထူထူနက်နက်တို့နှင့်ပင်ရေးထားဖို့ဝေးသည်
လက်ရေးသော့သော့တို့ ဖြင့်အလွယ်ကောက်ဖြည့်ထားသော နာမည်တချို့ ။ဂျောင်ကု မျက်ခုံးတို့ပင့်တက်သွားတော့သည် ။
နမ်ဂျွန်း၏လက်ညှိုးအရိပ်အောက်မှ ရွှပ်ကနဲစာရွက်ငယ်ကလွတ်ထွက်သွားရသည် ။
စာရွက်စကိုဆတ်ကနဲဆွဲထုတ်လိုက်သည့်
ဂျောင်ကု၏လက်ချောင်းသွယ်တို့ပင် တုန်ခါနေသယောင်ယောင် ။"ဒါ..."
နမ်ဂျွန်းက ခေါင်းညိတ်သည် ။
"ဟုတ်တယ် လိုအပ်ခဲ့ရင် ...အန္တရယ်များတဲ့စတန့်နေရာကတောင်.."