SCANDAL 23.

432 62 5
                                    

သင်းထုံနေသည့်ပန်းခင်းထဲမှရနံ့ဟာအသက်ရှူလမ်းကြောင်းတလျောက်ရှိုက်လိုက်တိုင်းလှိုက်ဝင်လာနေသည် ။ နူးအိအိအထိတွေ့ဟာကျောပြင်တွင်နွေးထွေးလျက်ရှိသည် ။

ရီဝေဝေရှိလွန်းသည့်ဂျွန့်အကြည့်တို့ ၊
ခပ်လှမ်းလှမ်းမှအခန့်သားရပ်နေလောက်မည့်ဂျွန့်ဟန်ပန်
တင်းတင်းစေ့ထားလောက်မည့်နှုတ်ခမ်းပါးလှပ်လှပ်လေးတို့အထိ ဆော့ဂျင့်အတွေးအာရုံထဲဝယ်မြင်ယောင်နေရ၏
ဤသည့်တိုင် မျက်လုံးအစုံမှာမှိတ်ထားဆဲဖြစ်သည် ၊

ဆောင်းနှောင်းပင်ဖြစ်သည့်တိုင် မိုးကတဖွဲဖွဲနှင့်သည်းချင်သည် ။

မျက်ခွံတို့ကိုသာသာဖွင့်မိသည့်အခါ ဝါဖျောဖျောအခန်းမီးရောင်လေးကကုတင်ထောင့်မှဖြာနေသည် ။

နံရံတို့မှာမီးရောင်ကြောင့်မသဲကွဲစွာရှိနေသည် ။
အပြာနုရောင်ဟုပင်မှန်းဆရသည် ၊
နှစ်ယောက်အိပ်ကုတင်တခုပေါ်ရောက်နေပြီး ဆွဲစုပ်လိုက်မိသည့်ခြံုစောင်မှာပန်းရောင်လွင်လွင်လေးဖြစ်နေပြန်သည် ။

ရုတ်တရက်ထထိုင်သည့်အခါ နှဖူးပေါ်မှဖတ်ကနဲကျလာသည်ကသဘက်နွေးနွေးလေးပင်ဖြစ်သည် ။ မိမိကိုယ်ဝယ်ဝတ်ဆင်ထားသည့်အနွေးအကျီတထပ်ဟာထူထဲထဲ ။

ဘယ်ကိုရောက်နေသည်လဲ ။
အကြွေးရှင်တွေပြန်ပေးဆွဲလိုက်ပြီး ခန္ဓကိုယ်တွင်းအဂါတွေများထုတ်ရောင်းခံရပြီလား ၊ ကယ်ပါ ကျွန်တော့်ကျောက်ကပ်ရောအကောင်းတိုင်းရှိနေရဲ့လား ။
စဉ်းစားနေရင်းဇောချွေးတို့နစ်လာကာ တအိအိရှိုက်သံကလွမ်းလာတော့သည် ။

မသိစိတ်ကစသည့်အားကိုးတကြီးတမ်းတသည်ဟာ သိစိတ်တွင်နေရာယူချယ်လှယ်လေသည် ၊

"ဟင့်..ဂျွန်..ဂျွန်ဂျောင်ကု"

အခန်းထောင့်နားသို့ဖျတ်ကနဲကြည့်လိုက်မိသည် ။ ဂျွန်မရှိနေပေ ။ ဝမ်းနည်းရိပ်ဟာလည်းဒိတ်ကနဲရင်ထဲဟာသွား၏

မျက်လုံးအစုံကိုပွတ်သပ်နေသည့်လက်သီးစုပ်ငယ်လေးက ဝမ်းဗိုက်နားတွင်စမ်းသပ်နေရင်းမှငိုအီသံသဲ့သဲ့ထွက်လာသည့်အခါ ကုတင်တဖက်စွန်းမှလှုပ်လှုပ်ရှားရှားဖြစ်သွား၏

THE SCANDAL Where stories live. Discover now