တစတစတိုးကျယ်လာသည့်
လျောက်လမ်းမှခြေသံကတရှပ်ရှပ် ။
ဂျွန့်ဖုန်း တုန်ခါသည်ကလည်းတဒွီးဒွီးနှင့်
သည်ကြားထဲအကိုကလည်းပမာမခန့်လေး လေချွန်နေသေး၏။
အားလုံးကစည်းဝါးကိုက်စွာ ပဲ့တင်ထပ်နေလေသည် ။ဂျောင်ကုလက်ကောက်ဝတ်တို့မှဖျစ်ညစ်အားတခုကိုခံစားလိုက်ရသည် ။ ရုတ်တရက်မို့ရော ဗျာများရနေသည်ကြောင့်ရော ဂျွန်ကအာမေဍိတ်တခုကိုလွှတ်ကနဲထွက်မည်အပြုတွင် နှုတ်ခမ်းပါးတို့ပေါ်ထိကပ်လာသည့်က လက်ညှိုးကောက်ကောက်ကလေး ။
"တိုးတိုးဂျွန်ငယ်"
"အကို"
"တိုးတိုးနေ... ဟိုလူပြန်လာနေပြီထင်တယ်"
ဖိနပ်နင်းသံတခုကတံခါးဘောင်တို့မှတိုးလျှိုးလာသည် ။
တိုး၍တိုး၍ကျယ်လောင်လာသည့်အခါ ဂျွန်အဖို့ထိတ်လန့်ပိုရပြန်သည် ။အကို့နှုတ်ခမ်းဖူးလေးတို့တွန့်တက်သွားသည် ။
မျက်စံဝတ်ညိုတို့ကလည်းရယ်မြူးရိပ်တို့သန်းနေသည်။"ငါ့လက်ကိုတင်းတင်းကိုင်ထားဂျွန်ငယ်"
တသသပြန်ကြားယောင်ခဲ့သော သည်အသုံးနှုန်း
လွမ်းရပါလွန်းသော သည်လေယူလေသိမ်း
ကမ်းလင့်လာမယ့် လက်ကောက်ဝတ်ငယ်လေး
နောက်ကွယ်မှကပ်လိုက်ပုန်းတိုင်း မှီကွယ်ခဲ့ရဖူးသော
အကို့ကျောပြင်ကျယ်ကျယ်လေး ။ဂျွန့်မျက်ဝန်းအိမ်ဝိုင်းဝိုင်းလေးတို့က ပြည့်သိပ်လာသည် ။ မျက်ရည်စတို့ကတွဲလဲခိုလာသည် ၊ စွတ်ပျံ့လာသည့်အခါပါးပြင်မှနွေးကနဲခုန်ဆင်းသွားလေတော့သည်။
"ဂျွန်ငယ် မင်းငါ့ကိုလွမ်းနေရဲ့လား"
ဂျောင်ကုမငြင်းဆန်ခဲ့ရက်ပါ ၊
ဖွဲ့နွဲ့၍အဆုံးမသတ်နိုင်သော အလွမ်းတေးချိုးတွေ
ရင်ဘတ်တခုလုံးနှင့်တမ်းတခဲ့ရသည့်အကိုက
ညအိပ်ရာဝင်ကဗျာလေး
ဂျွန်ငယ့်နေ့သစ်တိုင်းနိုးထဖို့လည်း အကိုက
ပြတင်းမှနေရောင်ဖျောဖျောလေးပင် ။ဆတ်ကနဲတင်းပစ်လိုက်သောအကို့လက်အားတစ်ခု ။
အကိုကခေါင်းကိုတချက်ညိတ်ပြလာသည် ။